Chapter (14.1)

4.6K 675 21
                                    

{Unicode } (14.1)

ကျန်းရှုတစ်ယောက် အိမ်က ထွက်တဲ့ အချိန်မှာပဲ နာရီက ၁၁ နာရီ ရှိနေပြီပဲ ဖြစ်တယ်။ နောက် မချိန် နည်းနည်း လောက် ကျော်ပြီးမှ ရောက်လဲ သိပ်ပြီးတော့ ကိစ္စ မရှိပါဘူးလေ။

ကျန်းရှု က တက္ကစီပေါ် မှာ ထိုင်ရင်းနဲ့ ကွမ် ယိရွှမ် ဆီကို သူအနည်းငယ် နောက်ကျမည် ဖြစ်ကြောင်း မက်ဆေ့ချ် ပို့လိုက်တယ်။ တစ်ဖက်က လူကလည်း အဆင်ပြေ ပါတယ်လို့  ပြောလာတယ်။ တစ်ခြား တစ်ဖက်က ကျန်းရှုကို အတော်လေး ကောင်းကောင်း မွန်မွန် ဆက်ဆံလေတယ်။ ဒါမှ ကျန်းရှုအတွက်တော့ ထိုမိသားစု တွေ့ဆုံပွဲမှာ ပုန်ကန်ဖို့ နည်းပါး သွားမှာပဲ ဖြစ်လေတယ် ။

ကျန်းချူနမ် ကတော့လား ထိုနေ့ကတည်းက စပြီးတော့ သူ့သား ဆီကနေ ဖုန်းအဆက် မခံ ရတော့တာ ပါပဲ။ သူက ကျန်းရှုရဲ့ အခြေအနေ တွေကို လက်ခံသွားတဲ့ ဟန်ပေါ် လေတယ်။ ဒါပေမယ့် သေချာ တွေးကြည့် ရင် သူက ကျန်းရှုကို အဖက်မလုပ်တာနဲ့ ပိုတူတာကို သိနိုင်လေတယ်။

ကလေး ငယ်တွေ ရဲ့ စကားက အမြဲတမ်း အဓိပ္ပာယ် မရှိဘူး လို့ ကျန်းချူနမ် က မှတ်ယူ ထားတယ်။ ဒါပေမယ့် သူသာ ထိုအကြောင်း တွေကိုနည်းနည်းလောက် ပိုပြီးတော့ တွေးကြည့်မယ်ဆိုရင် ဟိုးအအောက်ခြေ အထိကို မြင်နိုင်လေတယ်။ ဒါပေမယ့် သူက သူ့သားကိစ္စကို ဘယ်တုံးကမှ သိပ်ပြီးမတွေးတက်တဲ့ လူတစ်ယောက် ဖြစ်နေတယ်လေ။

ကျန်းရှု ဘက်ကတော့ ထိုကဲ့သို့ အလားတူ ကိစ္စရပ်တွေ ဟာ တစ်ခြားလူတွေ ကြားမှာ အထူးသဖြင့် အဖေနဲ့ သားကြားက အေးစက်မှုဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာ ပဲဆိုတာကို ပိုပြီး တော့သိလာတယ်။ ပြောရရင်တော့ တစ်ချို့လူတွေ အတွက် မိဘလို့ခေါ်တဲ့ ပုဂ္ဂိုလ် တွေဟာ သူတို့ရဲ့ လက်တွဲဖော် တစ်စိမ်း တစ်ယောက်လောက်တောင် မကောင်းပေးတက် ကြဘူးလို့ ပြောကြတာပဲ။ ဒါလည်း ဟုတ်ချင် ဟုတ်နေမှာပဲလေ။

ကျန်းရှု တစ်ယောက် မရောက်လာသေးတာ ကိုတွေ့တော့ ကျန်းချုနမ်ဟာ နောက်ဆုံး မှာ သူ့သားဆီကို ဖုန်းဆက်လိုက်တယ်။

" ရှုရှု မင်းက ဘယ်မှာလဲ?  ဒီနေ့ချိန်းဆို မှုရှိတယ် ဆိုတာကို မင်းမေ့နေ တာလား? "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now