Chapter( 5.1)

7.7K 1.1K 21
                                    


                      {Unicode}

ကျန်းရှုရဲ့ ကမ္ဘာလေး မှာ​တော့ မွေးကတည်း က အဖေဆိုတာပဲ ရှိခဲ့ပြီး အမေဆိုတဲ့ အသံကို တစ်ခါတောင်မှ မကြားခဲ့ ဘူးပါဘူး။ အဲ့သလိုပဲ ကြီးလာ တော့လည်း အမေ ရဲ့ အကြောင်း ကိုမသိခဲ့ ရပါဘူး။ ဒါကြောင့် ခွေးသွေး ဒရမ်မာ ဆန်စွာ နဲ့ သူတွေးမိတာက တော့ သူဟာ ကျန်းချုနမ် ရဲ့ ဇီဝဗေဒအရ သက်ဆိုင်တဲ့ သားမဟုတ် လောက်ဘူးပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ သူ့ကို ငယ်ငယ်လေး ကတည်း က ကျန်းချူနမ် က ကျွေးမွေးခဲ့ပြီး အဖေ လို့ ခေါ်ခိုင်း ခဲ့တာပဲလေ။ အဲ့တာပြီး တဲ့နောက် သူက ကျန်းချူနမ် ရဲ့ တစ်ဦး တည်းသော သားဖြစ်လာတာပဲ။

သူတို့က အတူတူ မနေတဲ့ အပြင် လူရှေ့ သူရှေ့မှာလည်း အတူတူ မပေါ်လာခဲ့ ဘူး..ပါဘူး။ ဒါပေမယ့် အဲ့လူက သူ့ဆီ ကိုလာတဲ့ အခါကျရင်​တေ့ာ သူက ရုပ်ဖျက်ထား ကာကြည့်ရတာတော့ အပြစ်လုပ်ထားတဲ့ လူနဲ့တောင် တူနေသေးတယ်။ ဒါက တော်လောက်ပြီ လို့ မင်းတို့တွေ ထင်သေးလား...?။

ဘလာ (blah) .... တကယ့်ကို ဆိုးဝါး တဲ့ လူလိမ် အဖေပဲ။

ကျန်းရှု တစ်ယောက် အငှားကားထဲမှာ ပုံကျစွာ ထိုင်နေခဲ့ပေမယ့် သူ့အတွေးတွေ ကတော့ ရိုင်းစိုင်း နေခဲ့ပါတယ်။ နောက်ပြီး သူက လက်ထပ်တော့ မှာဖြစ်တဲ့အတွက် အိမ်ကို လွမ်းနေခဲ့တယ်။ ပြီးတော့ မနေ့ည က ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေ ကို ပြန်စဥ်းစား ပြီး သူ့ကိုယ်သူ ဘယ်လို နှစ်သိမ့် လိုက်ရ မလဲ ဆိုတာမသိတော့ဘူး။

ဟမ့်.... အရွယ်ရောက်လာပြီ လို့ပဲ ပြောကြမလား...။

ဒါ့အပြင် ရှုပေါ်စုက ချောလည်း ချောတယ် ငွေလည်းရှိတယ်။ တကယ်လို့ သူက လူလိမ် ဖြစ်အုံးတော့ ကျန်းရှု အတွက် ဘာမှနစ်နာ စရာ မရှိဘူး။ ကားက ကျန်းရှု နေတဲ့ အိမ်ယာ ဂိတ်ကို ရောက်တော့ ရပ်လိုက်တယ်။ ကျန်းရှုက သူ့ဘေးက လူကို လှမ်းကန်ပြီး ပြောလိုက်တယ်။

" ကားခပေး လိုက်''

ရှုပေါ်စု ဟာ ကျန်းရှု ဆီကနေ အသိမ်းမခံရတဲ့ တစ်ခုတည်း သော သူ့ရဲ့ ဖုန်းလေး ကို ထုတ်ကာငွေ ရှင်းလိုက်တယ်။

( မယားစကား တစ်ခွန်းပဲ)

" ဆရာရေ... ကျွန်တော်တို့က အပေါ်ကိုတက်ပြီး ယူစရာတွေ ရှိသေးတယ်။ ပြီးမှလက်ထပ် မှတ်ပုံတင်ရုံး ကိုသွားမှာ။ အကိုစောင့်နိုင်ရင် စောင့်ပေးပါအုံး။ ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now