Extra 2 .1

3.1K 353 0
                                    

[Unicode] (extra 2.1)

ဖုန်းထဲက လက်ထပ်ပွဲသီချင်းသံတွေက   က ရိုမန့်တစ်ဆန်စွာ ထွက်ပေါ်လာပေမယ့် ထိုနေရာမှာ ချို့ယွင်းချက် တစ်ခုရှိနေခဲ့တယ်။ အဲ့တာကတော့ ကျန်းရှုပါပဲ။ ကျန်းရှုဟာ အခုချိန်မှာ အတော်လေးကို ထိုသီချင်းတွေ နားထောင်ပြီးဖြစ်ပါတယ်။ 

သူတို့တွေ အတူနေတာ ကြာလာပြီဖြစ်လေလေ အချစ်တွေက ပိုပြီးတိုးပွားလာလေလေ ဖြစ်ပေမယ့် သူ့စိတ်ထဲမှာတော့ ပိုပြီး စိုးရိမ်စိတ်တွေ များများလာလေလေပါပဲ။

အနာဂတ် နေ့ရက်တွေမှာ ဒီအခြေအနေကို သူ ပျင်းရိသွားလောက်လား ။

တကယ်လို့ သူသာ ရှုပေါ်စု နဲ့အတူတူလူးလိမ့်ပြီးနောက် ဘယ်လိုလုပ် ဒီလိုပြဿနာ အတွေးမျိုး ထွက်လာပြီး မိမိကိုယ်ကို နာကျင်အောင် လုပ်မိတာလည်း ဆိုတာကို ကျန်းရှုမသိခဲ့ပေ။

" ဟယ်လို''

ကျန်းရှုက ရှုပေါ်စု ပေါင်ပေါ်မှာ လှဲနေပြီးအိပ်ပျော်လုဆဲ ဖြစ်နေတဲ့ သားဖြစ်သူ စတော်ဘယ်ရီအသေးလေး ကို လှမ်းစလိုက်တယ်။

" ဘေဘီရေ ၁၁ တောင်ထိုးနေပြီလေကွာ။ မင်းလေး က အခုထိ နိုးနေတုံးပေါ့လေ''

ရှုပေါ်စုကတော့ ဘာမှမပြောပဲ သူ့သားကို ပြုံးပြီးကြည့်နေပြီးတောမှ အချင်းချင်း အကြည့်ချင်းဆုံ လိုက်တော့တယ်။ ကျန်းရှု ကတော့ ရှုပေါ်စု နားကိုထိုင် လိုက်ကာ အချင်းချင်း ပြန်မကြည့်ပဲနဲ့ ပြောလိုက်တယ် ။

" ဒါမှမဟုတ် မင်းလေးက ချော့မသိပ် သေးလို့မအိပ်သေးတာများလား''

" တစ်ခုကို ရွေးချယ်လိုက်''

ကျန်းရှုက သူ့သားကို ဆက်စနေခဲ့တယ်။

ဒီရက်တွေမှာ စတော်ဘယ်ရီအသေးလေးက သူတို့နဲ့အတူ ဒီမှာလာအိပ်လေ့ရှိတယ်။ ရှုပေါ်စု ခမျာရယ်တောင် မရယ်နိုင်တော့ပေ။ အစကကလေးကို သူ့အမေဆီအပ်ထား ခဲ့ပေမယ့်ဒီသားလေးက သူတို့ဆီမှ မဟုတ်ရင် မအိပ်တာကြောင့် သူတို့သားကို သူ့အမေကပြန်လာ ပေးသွားတာပဲ ဖြစ်တယ်။

အခုချိန်က တအားနောက်ကျနေပြီမို့ သူ့အမေက မြေးလေးကိုမထိန်းနိုင်တော့တာကြောင့် ရှုပေါ်စု ခမျာ ကိုယ့်သားကို ပြန်ချီထားလိုက်ရတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now