" After break up I got married''
[Unicode]
သူတို့ ၂ ယောက်က အတင်းပြောနေတဲ့ လူအုပ်ကြီး ကို ကျော်သွားပြီးတော့ တစ်ဖက်ကို လျှောက်သွား လိုက်တယ်။
" ဒီနေရာပဲ...''
ကျန်းရှုက ထိုသူပြတဲ့ နေရာ ကိုကြည့်လိုက်တယ် ။ ဒါက တော်တော် လေး ကို အဆင်ပြေတဲ့ နေရာပါပဲ။ ဒီနေရာကနေ ဆိုရင် သူအစောက ရူးရူးမိုက်မိုက် လုပ်နေတဲ့ ပုံစံ ကို တွေ့ မြင်နိုင်တဲ့ အထိ ရှင်းရှင်း လင်းလင်း ဖြစ်နေတယ်လေ။
တစ်ဖက်က တွေးကြည့်ရင် သူထပြီး အော်လိုက် ကတည်း က ရှုပေါ်စု က အကုန်မြင်နေ ခဲ့ရတာပေါ့။ ပြီးတော့ ဒီနေရာ ကနေ စောနက သူအော်တဲ့ နေရာ ရောက်အောင် အချိန် အနည်းငယ် လောက် တော့ လာရတယ်။ ဒါဆို သူစပြီး အော်ကတည်း က ထိုသူက လာခဲ့တာ ပေါ့လေ။
အား....သူက တကယ့်ကို ကြင်နာ နတက်တဲ့ စိတ်ထား ရှိတဲ့ နိုင်ငံ ကြီး သားပီသတဲ့ လူကောင်း တစ်ယောက်ပဲ။
( ယူမယ်ဆိုတာ သူအရှက်မကွဲစေချင်လို့ အလကား ပြောလိုက်တယ်လို့ထင်နေတာပါ)ဒီစားပွဲ မှာတော့ ပုံမှန် (ဂေးမဟုတ်တဲ့) လူ ၂ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်။
" ကိုယ့်လူ တို့ရေ...ဒီသူလေး ကတော့... ''
ရှုပေါ်စု အနေနဲ့ ဒီ အသစ်စက်စက် သူ့ချစ်သူ ကောင်လေး ကို မိတ်ဆက်ပေး ချင်နေတာ တရားလွန် ပါပဲ။
" ဟေး.....ကိုယ့်ဘာကို မိတ်ဆက်မယ်လေကွာ.....''
ကျန်းရှုက ထိုဝိုင်း ကို ဝင်ထိုင်ပြီးတော့ ရင်းနှီး စွာ တောက်တောက်ပပ ပြုံးပြ ပြီးတော့မှ စကားစပြော လိုက်တယ်။
" ကိုယ်က ကျန်းရှုပါ....ရှု..''
" ရှုပေါ်စု..''
" အိုး....ရှုပေါ်စုရဲ့ သူငယ်ချင်း အသစ်ပါ..''
ကျန်းရှုက ဆက်ပြော လေတယ်။
" ဒီ့ထက်ပိုပြီး မိတ်မဆက် တော့ပါဘူး။ အစောကတည်း က မင်းတို့လည်း ကြားလိုက်ရတယ် မလား။ ကိုယ် ဒါကို ဖုန်းကွယ် ထားဖို့ ဆန္ဒ မရှိပါဘူး...''
ရှုပေါ်စု ရဲ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့ ရှန်ဖေးကျီး နဲ့ လုခယ် တို့က ဒါကိုကြား တဲ့ အခါမှာ ရီလိုက်ကြတော့ တယ်။

STAI LEGGENDO
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Storie d'amore'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...