Chapter (23.1)

3.7K 509 3
                                    

[Unicode] (23.1)

နေ့လည်ခင်း ၁၂ နာရီထိုးတဲ့ အချိန်ကိုရောက်တဲ့အခါမှာတော့ ဓာတ်ခွဲခန်း ထဲကလူတွေနဲ့ တစ်ခြား အဖွဲ့အစည်း က လူတွေက ကန်တင်းကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ရောက်လာခဲ့တော့တယ်။

ရှုပေါ်စု က ကျန်းရှုနဲ့ အတူ ပေါ်ထွက်လာခြင်းက လူအများရဲ့ အာရုံကို ပိုပြီးတော့ ဆွဲဆောင်နိုင် သွားလေတယ်။

ဒါတွေပြောရရင်တော့ ရှုပေါ်စု က အလွန်ကို မျက်လုံး ဖမ်းစားနိုင်တဲ့ ရုပ်ရည် ရှိပြီးတော့ ကျန်းရှုကတော့ ရှုပေါ်စု ရဲ့ အသေးစား ဗားရှင်းလို့ပြောရ လောက်ပါတယ်။ ရှုပေါ်စုက ရင့်နေတဲ့ စားကောင်းတဲ့ အသားတုံး ဆိုရင် ကျန်းရှုကတော့ မကြီးထွားရသေးတဲ့ အသားတုံး လက်လက်ဆက်ဆက် လေးပါပဲ။

အစကတော့ ရှုပေါ်စု က ကျန်းရှု ကိုခေါ်ကာ ပရော်ဖက်ဆာလီ နဲ့တွေ့ပေးပြီး နောက် သူ့ရဲ့ ရုံးခန်းထဲမှာပဲ အတူတူစားဖို့ လုပ်ခဲ့တယ်။ ဒါမှ ကြင်စဦး ခင်ပွန်း နဲ့ ဇနီးသည်လေးတို့ကြားမှာ ချစ်ကြည်နူး တီတီတူးနိုင်တော့မှာပေါ့။

ဒါပေမယ့် ပရော်ဖက်ဆာလီ ရဲ့ ထက်ရှုတဲ့ မျက်လုံး တွေက ရှုပေါ်စု ကိုတွေ့သွား တော့အော်လိုက်တယ်။

" ပေါ်စုရေ ဒီမှာဟေ့! "

ရှုပေါ်စု က သက်ပြင်း ချကာ လူအိုကြီး ကိုကြည်လိုက်တယ်။ ပြီးတော့ ထမင်းနဲ့ ဟင်းကို ၂ယောက်စာ ယူပြီးတော့ ကျန်းရှု ကိုမေးလိုက်တယ် ။

" မင်း ပရော်ဖက်ဆာလီ နဲ့အတူ ထမင်းစား နိုင်သလား?''

" ဘယ်သူလဲ?''

ကျန်းရှုက မေးကာ တစ်ချက်လှမ်း ကြည့်လိုက်တော့ လူအိုကြီး တစ်ယောက် နဲ့ လှပငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက် ကိုတွေ့တော့ မျက်တောင်ခတ်လိုက်တယ်။

" ခများကို ပိုးပန်းနေတဲ့သူလား? "

သူက ဘယ်လိုလုပ်သိတာလဲလို့ လာမမေးနဲ့ ဒါက ရှောင်ရှုရဲ့ ဆဌမအာရုံလေ။

" အဓိပ္ပာယ် မရှိတာတွေ ''

ရှုပေါ်စုက သူ့နား လေးကို ကပ်သွား ကာတိုးတိုးလေး ပြောလိုက်တယ် ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now