Chapter (12.2)

4.9K 711 18
                                    

[Unicode] (12.2)

ကျန်းရှု တစ်ယောက် သူ့ရဲ့ ခေါင်းကို မော့ကြည့်လိုက်တဲ့ အခါ မှာ​တော့ မျက်စိကို ဖမ်းစားနိုင်တဲ့ ရှုပေါ်စုရဲ့ အရပ်အရှည် ကြီးကို ဘေကွန်ပြားတွေလို ပြည့်သိပ်နေတဲ့ လူအုပ်ကြီး ကြားထဲမှာတွေ့ လိုက်ရတယ်။ သူ့ဘေးနားကို တစ်စုံတစ်ယောက် က ကပ်လာပြီး တစ်ချို့ လူတွေက သူ့နားမှာ ဝန်းရံနေပေမယ့် ရှုပေါ်စုက တော့ထိုကပ်လာတဲ့ လူကို လျစ်လျူ ရှုထားလေတယ်။

သူက ဖုန်းကို ကြည့်နေရင်းနဲ့ ကျန်းရှုကို တွေ့သွား တော့တယ်။ နောက်တော့ ကျန်းရှု နားကို ရောက်အောင် တိုးနေရင်း ပြုံးပြကာ လက်ကိုဝှေ့ယမ်း ပြလိုက်တယ် ။

သူ့ဘေးက သူငယ်ချင်း တွေကတော့ ထူးဆန်းသွားကာ ပြောလိုက်တယ်။

" ဒီလောက် ချောမောတဲ့ အကိုကြီးက ဘယ်သူလဲ မသိဘူးဟ? "

ကျန်းရှုရဲ့ ပါးစပ်ထဲ ကနေ အလိမ်အညာ တစ်ခု က ရုတ်တရက် ထွက်သွား လေတယ်။

" ငါ့သူငယ်ချင်း..... ''

ကျန်းရှုက မရေမရာ နဲ့ပြောလာတယ်။

" ငါတို့က သူ့ကို ညစာ စားဖို့ခေါ်ကြ မလား? "

အဲ့လူ က ကျန်းရှုရဲ့ သူငယ်ချင်း လားဟ?

အတော့်ကို အရမ်းချောမော မလွန်းနေဘူးလား ကွာ?!

လောင်နျိုက ကျန်းရှုကိုတွန်းကာ ပြောလိုက်တယ်။

" ဘယ်အချိန် တုံးကများ ဒီလိုအမြင့်စား သူငယ်ချင်း မျိုးကို မင်းရသွားတာလဲ? သူ့ရဲ့ ပုံစံက အနုပညာရှင် တစ်ယောက် နဲ့တူတယ်ကွ ''

ကျန်းရှုက ရှက်သွား ကာ ရှုပေါ်စု ဆီကို လမ်းလျောက် သွားလေတယ်။

" ခများက ကျွန်တော့်ကို လာကစားချင်နေတယ်ပေါ့လေ။ ''

ဒါက သောက်ရမ်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်ကွ။

ရှုပေါ်စု ဟာ သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လူကြီး လူကောင်း ဆန်နေလေတယ်။ သူ့လက်ထဲ မှာတော့ အချက်အလက် စာဖိုင်တွေ ထည့်ထားတဲ့ ဖိုင်အိတ် တစ်ခုကို ကိုင်ထားလေတယ်။ သူက ကျန်းရှုထက် ခေါင်း ၁ လုံးစာ ပိုမြင့်လေတယ်။ ဒါကြောင့် သူ့ရဲ့လက်ကို မြှောက်ကာ ကျန်းရှုရဲ့ ခေါင်းအနောက်ကို ထိလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now