Extra (2.3)

5.4K 453 18
                                    

[Unicode ](2.3 extra)

အမှန်တကယ်ဆို ကျန်းရှုက မင်္ဂလာပွဲ ကို ကြီးကြီးကျယ်ကျယ် မလုပ်ချင် ပေ။ သူက အေးအေးလေး နေတက်တဲ့သူ ဖြစ်တာကြောင့် လူအများစုရဲ့ စိတ်အာရုံကို ဆွဲဆောင်ဖို့ မလိုလား တာပဲ ဖြစ်တယ်။

ကျန်းရှုရဲ့ သဘောထားအပေါ် လိုက်လျောပြီးတော့ နှစ်ဖက်မိသားစုက အရမ်းကိုထူးခြားဆန်းကျယ်တဲ့ လျှို့ဝှက် လက်ထပ်ပွဲ ကျင်းပပေးခဲ့တယ်။ အဲ့ပွဲကိုလည်း လူအနည်းငယ်သာ ဖိတ်ကြားခဲ့လေတယ်။

လက်ထက်ပွဲ ပြီးတဲ့နောက် လင်၂ယောက်ဟာဆိုရင်ဖြင့် သားဖြစ်သူကိုချန်ထားခဲ့ပြီးတော့ ကမ္ဘာတစ်ခုလုံး လျောက်သွားဖို့ပြင်ဆင်ကြ ပါတော့တယ်။

ဒါပေမယ့် ခရီးထွက်ဖို့ ခရီးဆောင် အိိတ်တွေပြင်ပြီး သွားတော့မယ့်အချိန်ရောက်တဲ့အခါ စတော်ဘယ်ရီ အသေးလေးက သူ့အဖွားကူပြီးထုပ်ပိုးပေးတဲ့ လက်ဆွဲသေတ္တာလေးကို ယူလာကာ အဖေ၂ယောက်ဆီကို လာခဲ့လေတယ်။

၃နှစ်ခွဲပဲ ရှိသေးတဲ့ စတော်ဘယ်ရီ အသေးလေး ရဲ့ အမည်ကတော့ ရှုချန်ပဲ ဖြစ်ပါတယ်။  သူ့ရဲ့ ရုပ်ရည် က တော့ သူ့ရဲ့အဖေနဲ့ တူပေမယ့် ဒေါသနဲ့စိတ်နေသဘောထားတို့ ကတော့ သူ့ရဲ့ဖေဖေနဲ့ တစ်ပုံစံထဲပါပဲ။

ငါ့ဖင်ကြီးပဲ! ( ကျန်းရှုမှ)

ဒါကြောင့်မို့ သူလေးသာ နောက်၁၅နှစ်နေပြီးရင် သူ့ရဲ့အဖေလိုမျိုး ကျော့ရှင်းတဲ့ဟန်ပန်နဲ့ အကုန်လုံးကို ဆွဲဆောင် နိုင်မှာဖြစ်လေတယ်။ သူ့ဖေဖေရဲ့ဒေါသစိတ်သာ ဆက်ပြီးဆက်ခံမယ်ဆိုရင်တော့ သူက တော်တော်လေး ထိန်းမနိုင်မယ့်သူ ဖြစ်လာမှာအမှန်ပဲ။

" အဖေ့''

စတော်ဘယ်ရီ အသေးလေးရဲ့ မျက်ခွံ့ပေါ်မှာ မျက်ရည်တွေတွဲခိုနေဆဲပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အဖွားက အခုလေးတင် ပဲ သူ့ရဲ အဖေတွေက သူ့ကိုနောက်ထပ်မလိုချင်တော့ဘူးလို့ ​ခြေက်လှန့်လိုက် လို့ပဲဖြစ်တယ်။

" ဒီ မျိူးမစစ်လေးကတော့''

ကျန်းရှု တစ်ယောက် သက်ပြင်းသာချလိုက်တယ်။

တကယ်လို့ ဒီကလေးက အော်ဟစ်ငိုယို ပြီးဆူပူနေရင် သူတို့က ပစ်ထားခဲ့လို့ရပေမယ့် အခုလိုမျိုး ကလေးလေးတစ်ယောက်လို ချွဲနွဲနေရင်တော့ သူ့ရဲ့တုံးအတဲ့အဖေက သူ့သားကိုချက်ချင်း အလိုလိုက်မှာပဲ ဖြစ်တယ် ။

🎉 You've finished reading [Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation) 🎉
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now