Chapter (11.1)

5.3K 733 7
                                    

{Unicode }(11.1)

K တက္ကသိုလ် ဝင်ပေါက် ရှေ့တွင် ရှုပေါ်စု က သူ့ရဲ့ မေးကို မြှောက်ကာ သူ့ရှေ့မှာ ရပ်နေတဲ့ ကျန်းရှုကို ပြောလိုက်တယ်။

" အထဲကို သွားတော့ မင်းလေး စားမေးပွဲ ကောင်းကောင်း ဖြေနိုင်ပါစေ လို့ ကိုယ်ဆုတောင်း ပေးပါတယ် ''

" အိုကေ ''

ကျန်းရှုက ထွက်သွား လေတယ်။

" ဟေး ''

ရှုပေါ်စု က သူ့ကို လှမ်းပြီး တားလိုက်တယ်။

"ခများ ဘာဖြစ် ရပြန်တာလဲ? "

ကျန်းရှု က အနောက်ကို လှည့်ကာ ပြောလိုက်တယ်။ သူ့ကို ပြုံးပြီး ကြည့်နေတဲ့ အမျိုးသား က ပြောလာတယ်။

" တကယ်ကြီး ညကျရင် ပြန်မလာ ဘူးလား? "

ကျန်းရှု တစ်ယောက် မူးသာ လဲသွားချင်တော့တယ်။

ဘာလဲ ဒီလူ ကတော် ကတော်နဲ့ ပြောနေတာ မပင်ပန်းဘူးလား မသိဘူး။

သူ့ရင်ထဲမှာ အနည်းငယ် ထူးဆန်း တဲ့ ခံစားချက်ကလေး ရလေတယ်။

" ခများကြီး အဲ့တာကို ဘယ်နှကြိမ်လောက် ထိမေး နေအုံးမှာလဲ။ မဖြေဘူးဗျာ ''

နောက်တော့ သူက ပြန်လှည့် ကာ အိပ်ကပ်ထဲ လက်ကို ထည့်ရင်း သွားလေတယ်။ တစ်ခဏ လောက် လမ်းလျောက် ပြီးတဲ့နောက် အနောက်လှည့်ကာ ကြည့်လိုက်တဲ့ အခါ ကြီးမြတ်လှတဲ့ သခင်ငယ်လေးက ထိုနေရာမှာ မြည်းကန်ခံ ရ ရင်တောင် မသွားဘူး ဆိုတဲ့ ပုံမျိုးနဲ့ ရပ်နေတာကို တွေ့လိုက် ရတယ်။

ဘာတွေ မှားနေတာလဲ ဟ?

" သောက် အာရုံကို နောက်တယ် ''

ကျန်းရှု တစ်ယောက် မကျိန်ဆဲပဲ မနေနိုင်ဘူး ။ သူက လမ်းကို ဆက်လျောက်ကာ လက်ကို မြှောက်ပြီး ဝှေ့ယမ်းပြလိုက်တယ်။ ထိုလက်ကလေးကို ရှုပေါ်စုက တွေ့တော့ လှမ်းပြီး အော်လိုက် တယ်။

" စာမေးပွဲ ကို ကောင်းကောင်း လေး ဖြေခဲ့နော်!  ကျန်း စတော်ဘယ်ရီ လေး....''

ငါလိုးတဲ့မှပဲ။

ထိုအသံ ကြောင့် ကျန်းရှု ခမျာ ရှက်လွန်းလို့ သေ သွားချင်စိတ် တွေ ပေါက်လာတယ်။ ထိုနေရာမှာ လူတွေ အများကြီးပဲ ရှိနေလေတယ်။ ဒါကြောင့် ကျနရှုက ထိုလူဆီကို ပြန်ပြေးသွားပြီး ရိုက်လိုက် တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now