Chapter (2.3)

9.7K 1.2K 37
                                    


{Unicode}

" အရပ် ၁၈၅ စင်တီမီတာ ကျော်တဲ့ ရှောင်စုလေး က မင်းကို ကြည့်နေပြီဟ..ညီအကို ဖေးကျီးရေ..''

လုခယ်က စလိုက်​တော့ ရှန်ဖေးကျီး ဟာ လုခယ် ရဲ့ မျက်ခွက်ကို ဖရဲစေ့တွေ နဲ့ ပစ်ပေါက် လိုက်တော့တယ်။

" ဟားဟား ဟား...''

ကျန်းရှုက အော်ရယ် လိုက်တယ်။ သူတို့ ဘေး မှာ ထိုင် နေကြတဲ့ လူတွေ အတော် များများ က ရှန်ဖေးကျီး ကို ကြည့်နေ ကြတာ များလေတယ်။ သူတို့ စားပွဲ တစ်ခု လုံး က သူတွေ က အများ ရဲ့ အာရုံ ကို ဖမ်းစား ထား နိုင်လေတယ်။ အထူးသဖြင့် ရှုပေါ်စုပေါ့...။ ထိုလူ က သူ့ဘက် ကို လှည့်ထားပြီးတော့ သူ့ကို ခိုးကြည့်နေတဲ့ မျက်လုံးတွေ ဆီ ကို ပိတ်ပင်ထားလေတယ်။

ဒီအခြေ အနေက နေ လုံးဝ မဖယ်ပေး လေဘူး။ ဒီအဖြစ်လေး ကိုကြည့်ပြီးတော့ သူ့နှလုံးသား ကိုနွေးထွေး စေတယ်။ ဒါကြောင့် ပဲ ထိုလူသား ကို သူ ထပ်ကာ ထပ်ကာ ကြည့်နေ မိ​တော့တယ်။

" လူတွေ အများကြီး က ခင်ဗျား ကို ကြည့်နေ ကြတယ်....''

ကျန်းရှုက ဘေး ကို တစ်ချက် ကြည့်လိုက်ပြီး တော့ တွေးမိတာက ဒီကောင်တွေ သူ့ကို ဒီနေ့အတွက်တော့ တော်တော် မုန်းတီးနေ ကြမှာ အမှန်ပဲ ဖြစ်လေတယ်။ ပြီးတော့ ထိုလူ နဲ့ သူ့ရဲ့ အုပ်စု ကလည်း မနာလို ချင်စရာ ကောင်း လောက်အောင် မိမိုက်နေတာကိုး....။

" ကိုယ်ကတော့ မင်း ကိုပဲ ကြည့်နေ တာလေ..''

ရှုပေါ်စု က ပြုံးရင်း သူ့မျက်လုံး တွေ ကို ကောင်လေး ဆီမှာပဲ အာရုံ ထားလေတယ်။

" ခင်ဗျား က ကျွန်တော့် ကို စနောက်နေတာလား''

ကျန်းရှုက မေး လိုက်ကာ သူ့မျက်နှာ မှာ ကစား လိုဟန် အပြည့်နဲ့ ပြုံးလိုက်ပြီး ခေါင်း ကိုမော့ လိုက်တယ်။

" ကိုယ်တို့ ကောင်းကောင်း ပြောလို့ မရ ဘူးလားကွာ...မနက်ဖြန် ဆို လက်ထပ်ကြတော့ မှာပဲ ကို...''

ရှုပေါ်စုက သူ့နား ဖြေး​ဖြေး လေး ကပ်လာ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေ ထဲမှာလည်း အချစ်စိတ်တွေ ပြည့်နှက်နေ ခဲ့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now