Chapter (6.2)

6.4K 925 19
                                    

{Unicode } (6.2)

တစ်ခြား ပြောကြကြေးဆို သူနဲ့ ရှုပေါ်စု ဆိုတာက အစကတည်းက လက်ထပ်ပြီး သားစုံတွဲတွေ ပဲလေနော့။ ဒါက အချင်းချင်း ညှင်းပန်း နှိပ်စက် နေကြတာမှ မဟုတ်ပဲလေ။

ပြီးတော့လည်း လက်ထပ်ထားတဲ့ ခင်ပွန်း ကမှသူ့ကို ကောင်းကောင်း ဆက်ဆံပေးချင် နေမှတော့လည်း သူက လက်ခံရမှာပေါ့လေ။ ဒီလို နိုင်ထားမှ တစ်ခြားတစ်ယောက် ဆီ ခြံ မခုန်နိုင်မှာလေ။

" ဟမ့်!  ဒါဆိုလည်း ဒီနေရာကိုသာ လိမ်းပေးတော့! "

ကျန်းရှုက သဘောထား ကြီးတဲ့ လူ တစ်ယောက် ဖြစ်တဲ့အပြင် အရှက်လည်း တစ်စက်မှ မရှိလေဘူး။ ပြီးတော့ သူ့ကိုယ်တစ်ခု လုံးကို ရှုပေါ်စုက မြင်ဘူးပြီးသားပဲလေ။ ဒီတော့ မပြစရာ  ဘာအကြောင်းမှ မရှိသလို သူ့လျှို့ဝှက်ချက် အတွက်လည်း ဘာမှ စိုးရိမ် နေစရာမလိုပေါင်။ ဒါကြောင့် သာ ဆေးလိမ်းရမယ့် နေရာကို ရှုပေါ်စု မြင်အောင် လက်ညှိုး နဲ့ညွှန်ပြ လိုက်လေတယ်။

ကောင်းမွန်တဲ့ အရည်အသွေး ရှိတဲ့ဆေးကို အရင်ဆုံးလက်ဖျား လေးမှာညှစ်တင် လိုက်ကာ ရှုပေါ်စု က သူ့နှာခေါင်းလေးနား ကပ်ရင်း အနံ့ခံကြည့် လိုက်သေးတယ်။ ထိုဆေးရဲ့ ရနံ့က အေးပြီးတော့ လန်းဆန်းနေလေတယ်။

ဆေးဘူးသာ အသက်ရှိရင် ဒီလိုပြောမှာ သေချာတယ် ။

' အကိုကြီး ကျွန်တော်က ဘာဘေးအန္တာရယ်မှ မရှိပါဘူးဗျာ ။ ဒါ့ကြောင့် မင်းစိတ်ချ လက်ချ အသုံးပြုလို့ရပါတယ် '

ဆိုပြီးတော့လေ။

သေချာ စစ်ဆေးပြီးတဲ့ နောက်မှ ရှုပေါ်စုက ကျန်းရှုရဲ့ ထိုနေရာလေးကို ရဲဝံ့စွာ ထိတွေ့ လိုက်တော့ တယ်.......။

" နာနေတုံးလား ဟင်? "

" ကံကောင်းစွာပဲ မနာတော့ဘူး ''

" ဒါဆို ကိုယ် က မင်းရဲ့ အတွင်းဘက်တွေပါ လိမ်းပေးမယ်နော်..... ''

ရှုပေါ်စုက အသက်ကို ခပ်ပြင်းပြင်း ရှုကာ လက်ကို အငြင်သာဆုံး ထားပြီး ဂရုတစိုက်နဲ့ ဆေးလိမ်းပေးတယ်။ ကျန်းရှုကတော့ သူ့ကိုယ်သူ မရှက်ပါဘူး လို့ပြောနေပေမယ့်လည်း အခုလို ကျတော့ တစ်စုံတစ်ယောက် ကို ရိုက်ပစ်လိုက် ချင်တဲ့ စိတ်တွေ ပေါ်လာလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now