Chapter (11.2)

5.1K 714 10
                                    

{Unicode } (11. 2)

သူ့အနေနဲ့ ထိုအရာတွေကို မထိတွေ့ ခဲ့တာ နှစ်ပေါင်းများစွာထိ ကြာလေပြီပဲ ဖြစ်တယ်။ အခု သူ့နှလုံးသားက အရမ်းကို စိတ်လှုပ်ရှား နေပြီးတော့ နောက်ကျရင်တော့ သူနောင်တရလာ လေမလားဆိုတာကိုတော့ မပြောတက်လေဘူး။

မက်စ် ကိုတပ်ကာ ခေါင်းစွပ်ကို ဆောင်းလိုက်တယ်။ သူ့ရဲ့မျက်နှာပေါ်နှာ မျက်လုံး တစ်စုံ နဲ့ မျက်ခုံးလေးတွေကိုသာ ချန်ထားခဲ့လေတယ်။ အဖြူရောင် ကုတ်အင်္ကျီအောက်မှာ ဖုံးကွယ် ထားခံရတဲ့ တောင့်တင်းလှတဲ့ ကိုယ်ဟန် ဟာ ထင်းရှုးပင်လို ဖြောင့်တန်းပြီးတော့ ဝါးပင်လိုမျိုး ကျက်သရေ ရှိနေလေတယ်။ သူက ဓာတ်ခွဲခန်း ထဲကို ဝင်သွား ချင်းချင်းပဲ လူတိုင်းရဲ့ အာရုံစိုက် ခြင်းကို ခံလိုက်ရ တော့တယ်။

" ဒါက ဘယ်သူလဲ? "

" ငါကြားတာ ကတော့ အဲ့တာ ရှုပေါ်စု တဲ့လေ...''

" ပါမောက္ခလီက အထူးဖိတ်ကြား ထားတာတဲ့လေ.... ''

" မြို့တော် Aရဲ့ အတိတ်က ကျော်ကြားတဲ့ အမျိုးသား တစ်ယောက် ''

" အမလေး အခုလည်း တူတူပဲလေ။ မကျော်ကြား လို့လား? "

ရှုပေါ်စု ရောက်ရှိလာ မှုက ဓာတ်ခွဲခန်း တစ်ခု လုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွား စေခဲ့တယ်။

" ဒီကို လာခဲ့လေ? "

ပါမောက္ခလီက ရှုပေါ်စု ကို လက်ယပ်ကာ ခေါ်လိုက် တယ်။

" ပေါ်စုရေ ဒီနေရာမှာ မင်းလေ့လာဖို့တွေကို ငါကူညီပေးအုံးမယ်...''

အရပ်ရှည် တဲ့အမျိုးသား က ပါမောက္ခလီ ရဲ့ နံဘေးကို လမ်းလျောက် သွားကာ ပရောဂျက် ရဲ့စာချုပ်မှာ ဆွေးနွေးတာကိုသာ အာရုံ စိုက်လိုက်တော့တယ်။

ထိုအလွန်အကျွံ စိုးရိမ်တက်မှုက သူ့အပေါ် ဘာအကျိုး သက်ရောက်မှုမှ မရှိပါဘူး။

" ပါမောက္ခ လီ ''

ရှုပေါ်စုက သူရင်းနှီးနေတဲ့ ပစ္စည်း တွေကို လက်အိတ်စွတ်ကာ နောက်တစ်ဖန် ပြန်ကိုင် လိုက်တော့ တယ်။ သူက တစ်ခဏတော့ ကြောင်အမ်း သွားလေတယ်။ အခုက အရင်တုံးက သူကျောင်း တက်နေတဲ့ အချိန်ဆီ ပြန်ရောက်သွားပြီလို့ ကိုခံစား လိုက်ရတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now