Chpater (23.2)

3.8K 485 9
                                    

{Unicode }(23.2)

" စိတ်ဝင်စား စရာလဲမကောင်းဘူး''

ကျန်းရှု က သူ့ရဲ့ သခွားမွှေးသီးနဲ့ သရက်သီး ကို ရောမွှေနေခဲ့တယ်။

ငါက သူ့ရဲ့နားနေခန်းရှိတဲ့ နေရာကို လျောက်လာတော့ ထိုနေရာ လူ၂ယောက် နေလို့ရတဲ့ နားနေခန်းဖြစ်ကာ အလယ်က သစ်သားနံရံ တစ်ခု ခြားထားတာကြောင့် အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး ၂ခန်းကွဲနေလေတယ်။

အတွင်းပိုင်းက ရှုပေါ်စုရဲ့ နားနေခန်းဖြစ်ပြီးတော့ သူတို့ဝ​င်သွားတဲ့အခါမှာတော့ တစ်ဖက်လူရဲ့ အခန်းက ကွက်လပ်ကြီး ဖြစ်နေတာကြောင့် ပြန်မရောက်လာသေးမှန်း သိသာလေတယ်။

" အရမ်းသေးတာပဲ ''

ကျန်းရှုက  ထိုနေရာလေးကို ကြည့်လိုက်တော့ အိပ်ယာတစ်ခု ချစာလေးပဲရှိလေတယ်။

" ဒါက အဆင်ပြေပါတယ် ကွာ ''

ရှုပေါ်စု ကပြောလိုက်တယ်။ ဒါက မြို့တော် A ရဲ့ အလယ်ခေါင်နေရာလေ။ ထိုနေရာမှာ ကုန်းမြေက ငွေနဲ့တိုင်းတာလို့ ရတယ်လေ။ ဒီလောက်အကျယ်လေးရှိတာကိုပဲ အတော်လေးကောင်းနေပြီ လို့ပြောလို့ရတယ် ။

" ခများရဲ့ သည်းခံ လိုက်လျောနိုင်စွမ်းက တကယ်ကိုကောင်းတာပဲ ''

ကျန်းရှုက တွတ်ထိုးလိုက်တယ်။

" ကျွန်တော်အခုထိ အံ့အော်ဆဲဗျာ။ ခများက လူငယ်စီးပွားရေး သခင်လေးမလား ဒါမှမဟုတ် ကောင်းကောင်း လေ့ကျင့် ပေးခံရတဲ့ ကားမောင်း သမားတော့ မဟုတ်လောက် ပါဘူးနော် ဟုတ်တယ် မလား?ဟမ်!''

ထိုလူက ဆေးကြောနိုင်တယ် ။ ချက်ပြုတ် နိုင်တယ်။ သံသယဝင်စရာပဲ။

တကယ့်ကို သံသယဝင်စရာပဲ။

" ဟမ်?''

ရှုပေါ်စုရဲ့ အာရုံက ကို့ယို့ကားယား ဖြစ်သွား လေတယ်။

" လူငယ်စီးပွားရေး ပညာရှင် သခင်လေး? ဒါက မင်းကိုယ့်ကို ပေးတဲ့ nickname အသစ်လားဟင်? "

" ဖာခ့်ပဲ ''

ကျန်းရှုက မဖြေချင်တော့လို့ အိပ်ယာဘေးမှာထိုင်ကာ သူ့ရေခဲမုန့်ကိုသာ စားနေတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now