Chapter (36 .2)

2.9K 411 3
                                    

[Unicode] ( 36.2)

သူတို့တွေ က သူ့ဆီကိုလာတာ တွေ့လိုက်ရတော့ ရှုပေါ်စု က ကားပေါ်ကနေဆင်းကာ သူ့ရဲ့တစ်ညလုံး မတွေ့ရလို့ လွမ်းဆွတ်နေတဲ့ ဘေဘီ အချွဲလေးကို အရင်ဆုံး ပွေ့ဖက်လိုက်တယ်။

" ကိုယ်မင်းကို အရမ်းလွမ်းတာပဲရော''

သူက ထိုစကားကို ကျန်းရှုရဲ့ နားနားလေးတိုးကပ်ကာ ပြောလိုက်တယ် ။ နောက်တော့ မှ ကျန်းရှုကို လွတ်ပေးကာ ကွမ်ယိရွှမ် ဆီကို လက်ဆန့်ထုတ်ကာ နှုတ်ဆက် လိုက်တယ်။

" မစ္စတာ ကွမ် မတွေ့တာကြာ ပြီနော် ''

ကွမ်ယိရွှမ် ကလည်း သူ့ကို စိုက်ကြည့် နေပြီးတော့မှ လက်ဆွဲနှုတ်ဆက်လာတယ်။

" ကျန်းရှုရဲ့ သူငယ်ချင်း က မစ္စတာ ရှုဖြစ်နေမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူးဗျာ''

ရှုပေါ်စု: '' အာ ကျွန်တော် ကလည်း သူ့ပါးစပ် ထဲက အကိုလို့ပြောတဲ့ လူက ခများပါလို့မမျှော်လင့်ထား ခဲ့ဘူးဗျ''

( ရှုကြီးမှ တစ်ကွက်ပြ)

သူတို့ ၂ ယောက်က စကားပြောပြီးတဲ့ နောက်မှာတော့ ကျန်းရှုကို တစ်ပြိုင်ထည်း ကြည့်လိုက်တယ်။ ထိုသို့အကြည့်ခံရခြင်းက ကျန်းရှုကိုအတော်လေး ဖိအားများစေတယ်။

ခများတို့ ကအရင်ကတည်းက သိနေရင်လည်း ဒီတိုင်းနှုတ်ဆက် လိုက်ကြပါလား ။ ကျုပ်ကို ဘာကိစ္စ နဲ့ လာကြည့်နေကြတာလဲ။

" ခများတို့ အချင်းချင်း သိနေကြမှတော့ ကျွန်တော်လည်း မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့။ ''

ကျန်းရှုက ပြောကာ ကားတံခါးဖွင့်ပြီး ဝင်ထိုင်လိုက်တော့ တယ်။

" အိမ်ဆီပြန်ပြီးတော့ စကားပြောကြတာပေါ့ ''

" ကောင်းပါပြီကွာ  ''

ရှုပေါ်စု က ပြန်ဖြေပြီးတော့ မှပဲကွမ်ယိရွှမ် ဘက်ကိုလှည့်ကာ ပြုံးရင်း  ပြောလိုက် တယ်။

" ငါတို့ နောက်မှတွေ့ကြတာ ပေါ့''

" အိုကေလေ''

ကွမ်ယိရွှမ် တစ်ယောက် အနည်းငယ် ဆွဲထိုးချင်စိတ် ဖြစ်သွားတယ် ။ နောက်တော့ ထိုတိတ်ဆိတ်နေတက်တဲ့ အမျိုးသားက သူတို့ကိုကြည့်နေတဲ့ ခွေးလေးတွေကို ခေါ်ကာ အရင်ဆုံး လမ်းလျောက်ပြန်သွားတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now