Chapter (30.3)

2.8K 427 1
                                    

[Unicode] (30.3)

ဘာပဲဖြစ်ဖြစ် ပါလေ။ သူတို့ ၂ ယောက် က အလုပ်ရှိတဲ့ သူတွေပဲဆိုတော့ သေချာပိုဂရုစိုက် သင့်တာပေါ့လေ။

ကျန်းရှုက ကုပ္မဏီ ထဲကို ဝင်လာရင်းနဲ့ သူ့အိတ်ထဲမှာ ရှုပေါ်စု အကြောင်း ရေးထားတဲ့ မူကြမ်းပါတဲ့ အသဲပုံ USB အကြောင်းတွေးမိပြီးတော့အရမ်းကို စိတ်လှုပ်ရှား လာခဲ့တယ်။

ဟွမ်ရှင်း က လွန်ခဲတဲ့ ၂ ရက်ကထက်ပိုပြီးတော့ စိတ်ကောင်းဝင်နေတဲ့ ပုံပဲ။

" ရှောင်ကျန်းရေ မင်းလာပြီလား?''

" အကိုရှင်းကတော် အစောကြီး ပဲဗျာ''

ဒီနေ့က ပူတဲ့ နေ့တစ်နေ့ ဖြစ်ပေမယ့် သူ့လက်ထဲမှာ ဓာတ်ဘူးကိုကိုင်ထားတယ်။ ပြီးတော့  ဒီလို ပုံစံက  အကောင်းမြင်တဲ့ပုံ ကို ပိုထင်သာလေတယ်။ ဒါကြောင့် ကျန်းရှု က အတော့်ကို အထင်ကြီးသွားတယ်။

" ဘယ်လိုနေလဲ မင်းမှာ အားလပ်ရက် ကောင်းကောင်း ရခဲ့လား?  "

ဟွမ်ရှင်းက အခု မှ ကွန်ပြူတာ ဖွင့်တာဖြစ်လို့ အစောလေးကမှ ရောက်ဟန်တူလေတယ်။

" ဒါက အတော်လေး ကောင်းပါတယ် ဗျာ''

ကျန်းရှုက အိတ်ကို ဖွင့် ကာ USB ကို လက်ထဲ ထည့်လိုက်ကာအခက်အခဲ ဖြစ်လို့နေလေတယ်။

" အကိုရှင်းရေ အင်တာဗျူး အစီအစဥ် တွေက လူကြိုက်များဆဲပဲလား?''

" ဒါကတော့ ဘယ်သူ့ရဲ့ အင်တာဗျူး ဆိုတာက ပိုပြီးအရေးကြီးတာကွ''

ဟွမ်ရှင်း က သူ့လက်ထဲက USB ကိုလှမ်းကြည့်ကာဆက်ပြောတယ်။

" ဘာကြောင့်လဲ? မင်းက ဘယ်သူ့ကို အင်တာဗျူး ခဲ့တာလဲ?''

ဒါက ဖြေ ဖို့အရမ်းလွယ်ကူတဲ့ မေးခွန်း လေးပါပဲ။ ဒါပေမယ့် သူ့ပါးစပ် က ရှုပေါ်စု ရဲ့ နာမည်ကို ထွက်ဖို့ အရမ်းကို ခက်ခဲနေလေတယ်။ သူက ထုတ်မပြောခင် ခဏလောက် တုံ့ဆိုင်း ပြီးမှ ထုတ်ပြောလာတယ်။

" ရှုပေါ်စု....ခများသူ့ကို သိလား?''

ဟွမ်ရှင်းကခဏလောက် ပြန်ပြီးမတုံ့ပြန်လေဘူး။

ကျန်းရှုက ဒါကို မူမမှန် ဘူးလို့ခံစား နေရတယ်။

ရှုနာနတ်သီး ရဲ့ နာမည်က အသုံးမဝင်တာများလား။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now