Chapter (33.2)

2.6K 355 0
                                    

[Unicode ](33.2)

" ငါက သူ့အဖေလေ''

ကျန်းရှုရဲ့ အသံက အရမ်းတိုးတယ် ဆိုပေမယ့် ဘေးမှာ ထိုင်နေတဲ့ ရှုပေါ်စု ကတော့ ကြားဖြစ်အောင်ကို ကြားလိုက်ပါသေးတယ်။

ထိုအခါ လက်ဖက်ရည် ဖျော်နေတဲ့ သူ့လက်ချောင်းလေးတွေတောင် တုန်တက်သွားလေတယ်။ အပြင်ဘက်ကို  လက်ဖက်ရည် တွေ မှိတ်ကျလုနီးပါးပဲ။

ကျန်းရှု က ထိုအချင်းအရာ ကိုတွေ့တော့ သူက အခိုင်အမာ ကိုပြောလိုက်တယ်။

"သူငယ်ချင်း တွေလေ။ ငါတို့ က သူငယ်ဂျင်းတွေ! "

ခဏလောက် တွေးပြီးတော့ သူက နောက်တစ်ခုကို ထပ်ပေါင်းပြီးပြောလာခဲ့တယ်။

" ငါနဲ့ သူက ဝိုင်သောက်ပွဲ တစ်ခုမှာတွေ့ခဲ့တာလေ။ သူသောက်တာ အတော်လေး ကောင်းတယ်ရော ''

ရှဲ့မင် တစ်ယောက် အတော်လေး အံဩ သွားကြောင့် ရှုပေါ်စုကို စိုက်ကြည့်လေတယ်။

" ရှုပေါ်စုက သောက်တက်တယ်ပေါ့လေ။ ''

သူမက ရှုပေါ်စုကိုဆက်ကြည့်ရင်း ထပ်ပြောလာတယ်။

" ငါတို့တွေက သူ့ကို ဆေးရွက်ကြီးနဲ့ အရက်သေစာ မသောက်စား တက်တဲ့လူကောင်းလေးလို့ ထင်ထားတာလေ''

" ဘယ်လိုလုပ် ဖြစ်နိုင် မှာတဲ့လဲ''

ကျန်းရှုက မသိချင်ယောင် ဆောင်ပြီးတော့ ရှုပေါ်စုကို အောက်ဖဲလှန်တော့တယ်။

" သူက ဆေးလိပ် ၊ အရက် အကုန်သောက်တယ်။ ပြီးတော့ တစ်ချို့တွေ နဲ့တောင် ကစားလိုက်သေးတယ်။''

" ငါဒါကို မယုံဘူး''

ရှဲ့မင်က ပြောလိုက် တယ်။ ဘာလို့ လဲ ဆိုတော် သူမရဲ့ သူငယ်ချင်း မက နေ့တိုင်း ပဲ ရှုပေါ်စု ရဲ့ ဘယ်လောက် ကောင်းကြောင်းတွေချည်းပဲ ပြောနေတာလေ။

" ဒါတွေက အမှန်ပဲ ''

ကျန်းရှုက အတိအလင်းကို ပြောတယ်။

"လက်ဖက်ရည်သောက် လို့ရပြီနော်။ အဆင်သင့် ပဲ''

ရှုပေါ်စုက လက်ဖက်ရည် ကို ခွက်၂ ခွက်ထဲ ထည့်လိုက်တယ်။

" ရှုပေါ်စု နင့်ကိုနင်ရှင်းလင်း ပါအုံးဟ''

ရှဲ့မင်ဘက်က အတော်လေးကို စိတ်ရှုပ် နေလေတယ်။ တကယ်လို့သာ ရှုပေါ်စု က ဒီလိုလူမျိုးသာဆိုရင် နောက်ကျ ရင် သူ့သူငယ်ချင်း ကို ရှုပေါ်စု ကို မလိုက်ဖို့ပြောထားရမယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now