Chapter (3.2)

8.4K 1.1K 21
                                    


                     {Unicode}

" ဒီအဖေက ရေချိုး ချင်တယ် ဆိုရင် ချိုး မှာပဲ....မင်း ဘာတက်နိုင်မှာတဲ့လဲ။ ''

  ဘေးမှာ ထိုင်နေတဲ့ ရှုပေါ်စု ရဲ့ မျက်နှာကတော့ တောင့်တင်း သွားလေတယ်။ ဒီကောင်လေး ကို ဘယ်သူက အဖေလဲ ဆိုတာ သိအောင် ပြသင့် ပြီ လို့ထင်တယ်.......။

  ကျန်းရှုက စိတ်တွေ အရမ်း ရှုပ်ထွေး လာပြီးနောက် သူ့ဘေး က အနွေး နံရံ ကြီး ကို စမ်းမိသွာတယ်။ ဒါကြောင့်ပဲ အဲ့ အနွေးနံရံ ကြီး ထဲ ကို ခေါင်းဝင်ကာ သူ့မျက်နှာနဲ့ ကော လက်တွေ နဲ့ပါ ပွတ်သပ်ပြီး အနွေး စွမ်းအင်တွေ ယူနေ ခဲ့လေတယ်။

  အချိန်အတော် ကြာအောင် ထိတွေ့ ပွတ်သပ် ပြီးတဲ့ နောက်မှာတော့ ထိုအနွေး နံရံ ကြီးက လူတစ်ယောက် ဖြစ်နေတာ ကို သိလိုက်ရတယ်။

" ထွက်သွားစမ်း..... ဟစ်... ဒီအဖေက ရေချိုးမလို့ကွ....''

မျက်နှာကြီး မဲနေတဲ့ ရှုပေါ်စု ဟာ ထိုအမူးသမား ကို အနောက်ကနေ တွန်းပြီး စောင်ပုံ ထဲ ကို ပြန်ထည့် လိုက်တယ်။ ထိုကောင်လေး ပြုတ်ကျ သွားမှာကို သူ အရမ်း စိုးရိမ် နေတယ်။

" ဟမ့်...ဘယ်သူက အဖေလဲ...''

ကျန်းရှု ဟာ ဟော်တယ် မျက်နှာကျက်ကို ကြောင်ကြည့်နေ ပြီးတော့ မျက်တောင် တွေ တဖျက်ဖျက် ခက်လိုက်တယ်။

" ငါက မင်းအဖေပဲ....အ့ မဟုတ်သေးဘူး....မင်းက ငါ့အဖေပဲ...''

  ဘာလို့လဲ ဆိုတော့ သူ့ဘေး မှာ ထိုင်နေ နိုင်တဲ့ လူ ဆိုလို့ သူ့အဖေ ပဲ ရှိတာလေ။ ကျန်းရှု အဖေက သာ သူ့သား ရဲ့ ဒီလို ဆိုးဝါးနေတဲ့ အချိန် မှာ စိတ်သက်တောင့် သက်သာ ရအောင် လုပ်ပေး နိုင်တာ..။

" မင်း ကတော့ တကယ့်ကို မူးနေတာပဲ ကွာ...''

  ရှုပေါ်စုက ကူကယ်ရာ မဲ့စွာ ရေရွတ် လိုက်တယ်။ နောက်တော့ ကောင်လေး ရဲ့ အပေါ်ကို စောင်ဆွဲ ခြုံပေး လိုက်ပြီး အသံမာမာ နဲ့ပြော လိုက်တယ်။

" အိပ်ယာဝင်တော့...''

  ဒီလူလေး အိပ်ပျော်သွား ရင် သူလည်းပဲ အိမ်ပြန်ပြီး အနားယူ လို့ရပြီလေ။ ပြီးတော့ မနက်ဖြန် ကျရင်လဲ ရုံးကို သွားပြီး လုပ်စရာ ရှိတာတွေ စီစဥ်ရ အုံး မှာလေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now