Chapter (3.1)

8.6K 1.1K 19
                                    


                     {Unicode }

   ရေချိုး ခန်းထဲ ကို ဝင်တဲ့ အချိန်တိုင်းမှာ ကျန်းရှု အတွက်တော့ အရမ်း ကို သတိထား ရတဲ့ အချိန် ကာလပဲ ဖြစ်လေတယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ကိုယ် တည်ဆောက်ပုံက တစ်ခြား သူတွေ နဲ့ ကွာခြား နေလို့ပဲ ဖြစ်လေတယ်။

  အပြင်ကနေ ကြည့်ရင် သူက လုံးဝ ကို ယောကျာ်းလေး သွင်ပြင် ရှိတဲ့ ကောင်လေး တစ်ယောက် ဖြစ်ပေမယ့်လည်း  ဘုရားသခင်က သူ့ကို နောက်ပြောင်ပြီး သူ့ကို အပိုလက်ဆောင် အနေနဲ့ ပေးခဲ့တာ ရှိလေတယ်။ အဲ့ဒီ့ အပို လက်ဆောင် ကြောင့်ပဲ ကျန်းရှု ဟာ ငယ်ငယ် ကတည်း က လူများတွေ ရှေ့မှာ အဝတ်တွေ ချွတ် ပြီး ကစား လို့မရ ခဲ့ဘူး။ အထူးသဖြင့် ကိုယ်ကို ဖော်ပြ ရတဲ့ ကစား နည်း ဖြစ်တဲ့ ရေကူးခြင်း တို့လို အားကစားတွေ ကို လုပ်လို့မရ ခဲ့ဘူး။

    စိတ်ပျက်နေ ရမယ့်အစား သူက သူ့ရဲ့ ကိုယ့်ကိုယ် ကို အရမ်းဂရု စိုက်ပြီးတော့ ကာကွယ် မှု ပြင်းထန် လေတယ်။ ဥပမာ အားဖြင့် ဒီနေ့ည မှာ သူက မသိတဲ့ လူတွေ အများကြီး နဲ့ သောက်ခဲ့ တာတောင်မှ ရှုပေါ်စု တစ်ယောက် ထဲ ကိုပဲ ရေချိုး ခန်းထဲ ပို့ပေး ဖို့ ကို တောင်းဆို ခဲ့တာ ပဲ ဖြစ်လေတယ်။

" ဟေး....ဒီနေရာ မှာ ရပ်ပြီး ငါ့ကို စောင့်နေနော်...''

  ကျန်းရှုက တံခါးကို ကိုင်ထား ပြီးတော့ ရှုပေါ်စု ကို အပြင်ဘက်ရောက်အောင် တွန်းပို့နေ ခဲ့တယ်။

".........''

ရှုပေါ်စုတစ်ယောက် မျက်မှောင်ကြုတ် သွားလေတယ်။ ဒီကောင်လေး သေချာတောင် မရပ်နိုင် သေးပဲ နဲ့ အတည်လိုလို လျှောက်ပြော နေပြန်ပြီ...။

" ကိုယ် မင်းကို ကူညီပေး မယ်လေ....''

" ဟင့်အင်း....ကူညီဖို့ မလိုအပ်ပါဘူး..''

ကျန်းရှု က ညင်ညင် သာသာ လေး ပြောရင်း သူ့ကို အပြင် ဘက် အတင်း တွန်းပို့နေ ခဲ့တယ်။ အရပ်ရှည်တဲ့ လူကြီး က ထိုကောင်လေး ဆီကနေ တောင်းပန်နေတဲ့ အငွေ့အသက် ကို ရတာ ကြောင့် သဘော သာ တူလုက် ရ​တော့တယ်။

"  အပြင်ထွက် တော့...မြန်မြန် လေး.... ကျွန်တော် ဆက်မထိန်း ထားနိုင်တော့ ဘူး...''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now