Chapter (8.3)

5.4K 791 15
                                    

[Unicode] (8.3)

ဒီနေ့က ကျန်းချုနမ် ရဲ့ လက်ထောက် မွေးနေ့ ဖြစ်တာကြောင့် ဆုံဖို့ရာ ခက်ခဲတဲ့ လူတွေကိုတောင် ညစာ အတူစားကြဖို့ ဖိတ်ခေါ်ထား လေတယ်။

" အကိုနမ် မင်းဘာကြောင့် ဒီနေရ မှာ ဆေးလိပ်တွေ မွှန်ထူနေအောင် သောက်နေရတာလဲ? "

အေးဂျင့် ကျိုးထောင်က ရေချိုးခန်း ထဲကို ဝင်လာတော့ သူတို့ရဲ့ စွမ်းအင်ပြည့်ဝ နေတဲ့အကိုနမ်က မျက်မှောင်ကြုတ် ထားတာကိုတွေ့ လိုက်ရတယ်။

အသစ်လက်ထပ်ထားတဲ့ ခင်ပွန်းလေးက သူ့မိန်းမနဲ့များ ရန်ဖြစ်ထား တာလား?

" ညီလေးထောင် .......''

ကျိုးထောင်က သူ့ကို ကြည့်နေဆဲပါပဲ။ ကျန်းချူနမ် က ကျိုးထောင်ကို ဖြစ်ပျက် ခဲ့သမျှ အကုန်ပြောပြ လိုက်လေတယ်။ ပြီးတော့ အထိတ်တလန့် ဖြစ်နေတဲ့ အမူအရာ နဲ့ မေးလာတယ်။

" မင်းပဲ ပြောတော့ကွာ ။ ငါကပဲ မှားနေသလား? "

ကျိုးထောင် ကတော့ အေးဆေးတဲ့ အမူအရာနဲ့ စကားပြောလာခဲ့တယ်။

" ဒါများဗျာ တစ်ခုခုများ ဖြစ်တာလားလို့ လန့်သွားတာပဲ  ။ ဘာမှား လို့ လဲ?  ဘယ်ကလေး မဆို ဒီလို လုံလောက် တဲ့အရွယ်ရောက်လာရင် စဥ်းစားပေး တက် လာကြတာပဲလေဗျာ။ အကို့တုံးကလည်း အဲ့လိုပဲ မဟုတ် လား။ အကိုခများ ပျော်တောင် ပျော်သင့်တာ ''

ကျန်းရှု !

အဲ့ကလေးကို ကျိုးထောင် သိလေတယ်။

သူ သိသလောက် တွေ့သလောက်တော့ အဲ့ကလေးလေးက ငယ်ငယ် လေးကတည်းက သူ့အဖေအပေါ် စဥ်းစားပေးတက်တဲ့ ကလေးပါ။ ပြီးတော့ ကျန်းချုနမ် အပေါ်ကို လည်း ဆိုးဝါးတဲ့ ပူဆာဂျီကျ မှုတွေ လည်း မလုပ်ခဲ့ဘူး ဆိုတာ သိူသိတယ်။ ဘယ်လောက် တောင် သိတက်လိမ်မာ လိုက်သလဲ။

ကလေးရဲ့ သိတက် လိမ်မာမှုက တိုင်းတာလို့တောင် မရဘူး။

သူလေးက သူ့ကိုယ်သူ ကောင်းကောင်း စာသင်တယ်။ ကြယ်ပွင့်ရဲ့ သားဖြစ်တဲ့ ဒုတိယ မျိုးဆက်က ကလေး တစ်ယောက် ဖြစ်ပေမယ့် ဘဝနေထိုင်မှု ပုံစံကလည်း လုံးဝကောင်းမွန်တယ်။ ဘာဇိမ်ခံ ပစ္စည်း မှ မမက်မောဘူး။ ရိုးရှင်းတဲ့ ဘဝကိုပဲ ခုံမင်တယ်။ သာမန်လူတွေ လိုပဲ ဘဝကို ရိုးရိုး လေးပဲ ဖြတ်သန်း တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now