Chapter (9.2)

5.4K 789 7
                                    

{Unicode }(9.2)

ကျန်းရှုက ထိုအရာနဲ့ ပတ်သက်ပြီး တော့ သိပ်မတွေးချင် ခဲ့ပါဘူး။ ဒါပေမယ့် သူ့နှလုံးသား ထဲမှာ အပေါက်တစ်ပေါက် ရှိနေတယ်လို့ ခံစားရတယ်။ သူအဲ့တာကို ဖြည့်ဖို့ တစ်စုံတစ်ယောက် ကို ရှာဖွေရမယ်။

သူ နေဖို့ အဆင်မပြေတဲ့ နေရာမှာ အိပ်ဖို့ က သူ့အတွက် သက်တောင့် သက်သာ မရှိလေဘူး။ မရင်းနှီး တဲ့လူနဲ့ဆို ပိုလို့တောင် ဆိုးသေးတယ်။

ကျန်းရှု အနေနဲ့ ထိုသူ့ကို နှုတ်ဆက်ဖို့ မစောင့်နိုင်တော့ဘူး။ ပြီးရင်တော့ သူက ထိုလူ့ကို ထပ်မတွေ့ချင်တော့ ဘူး။ ဒီလိုနဲ့ သူတို့ရပ်လိုတဲ့ နေရာကို ရောက်တဲ့အခါ နားကြပ်တပ်ထားတဲ့ လူငယ်လေးက ဖြေးဖြေးချင်း လမ်းလျောက်လာကာ ကားပေါ်ကနေ ဆင်းလိုက်တယ်။

ကားရပ်နားရတဲ့ မှတ်တိုင် ရဲ့မီးရောင် အောက်မှာ ကျောက်စိမ်း လိုချောမောတဲ့ အမျိုးသား တစ်ယောက် က သိသိသာသာ ကြီး လူကြားထဲမှာ ထင်ရှားခဲ့လေတယ်။ ဒါ့ကြောင့် Bus ထဲက ထွက်သမျှ လူတိုင်းက သူ့ကို မကြည့်ပဲ မနေနိုင်လေဘူး။

" ဟမ်.... ''

ကျန်းရှု တစ်ယောက် ထိုအမျိုးသား ကို မမြင်ချင်ယောင် ဆောင်ဖို့ ဆိုတာက အလွန်ကို ခက်ခဲလေတယ်။ သူ တစ်ခဏလောက် ဆွံ့အ မိသွားတယ်။ သူ့ကို တစ်စုံတစ်ယောက် က အိမ်အပြန်လမ်းမှာ စောင့်ပေးနေတာက သူ့ကို ရှက်လာစေကာ ကြက်သီးတွေတောင် ထလာသလိုပဲ။

သူက ကားထဲက ထွက်လိုက် တာနဲ့ လှည့်ကာ ညအမှောင်ထဲကို ပြေးတော့တယ်။ ပြီးတော့ မှတ်ဉာဏ်တွေ ထဲမှာမှတ်မိနေတဲ့ လမ်းတွေ ဆီကို ခပ်မြန်မြန် လမ်းလျောက်သွား လိုက်တယ်။

" ကျန်းရှု! "

ရှုပေါ်စု ရဲ့အသံက သူ့အနောက်ကနေ ထွက်လာခဲ့ လေတယ်။ ရှုပေါ်စု က သူ့ကို ဖမ်းမိသွားပြီး ပြောလာခဲ့တယ်။

" မင်း က ဘာလို့ ကိုယ့်ကိုတွေ့တာ နဲ့ဘပြေးရတာလဲ ?''

ကျန်းရှုက စိတ်ကိုလျော့ကာ ပြောလိုက်တယ်။

" ကျွန်တော်က ခများကို မမြင်ပါဘူး ''

သူ့ရဲ့ နှလုံးသား က လွမ်းနေတဲ့ ရှုပေါ်စုရဲ့ ပုံစံ လေးကို အသေချာ မြင်လိုက်တယ် လို့အော်နေ ခဲ့ပေမယ့်လို့ပေါ့။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now