Chapter (15.1)

4.8K 675 9
                                    

{Unicode }(15.1)

ကျန်းရှုပြောတာ ကတော့ သူ့မှာ ဆွေမျိုးတွေ မရှိဘူးတဲ့လေ။ ဒါပေမယ့် သူငယ်ချင်း တွေ မရှိဘူး လို့လဲ ပြောလို့မှ မရပဲလေ ။

ရှုပေါ်စု က ပြန်မေးလိုက်တယ်။

" အဲ့အမျိုးသားက အသက်ငယ် သလား ဒါမှမဟုတ် အသက်ကြီးလား? "

လုခယ်: '' ငယ်တယ်ကွ။ မသာကာ မင်းထက် နည်းနည်းပဲ ပိုကြီးမှာ ပြီးတော့ ချမ်းသာတဲ့ သူဌေးသား လိုပုံပဲ''

ရှုပေါ်စု :'' ကောင်းပြီ။ မင်းအခုရောက်နေတာက ဘယ်က ကားအရောင်းပြခန်းလဲ? "

လုခယ်: '' ရှင်းဟွမ် လမ်းက။ ဘာလဲ မင်းကဒီကို လာမလို့လား ?''

ရှုပေါ်စု: '' ဟင့်အင်း ငါသူ့ကိုမေး မလို့''

လုခယ်: '' မလုပ်နဲ့ကွ။ မင်းတို့က အဆက်အသွယ် တောင်ရှိနေပြီတော့ အတူရှိနေကြပြီလား? "

ရှုပေါ်စု: '' ဟုတ်တယ် ''

ငါတို့က အတူအောင် အိပ်ပြီးလို့ တစ်အိမ်ထဲမှာ အတူနေတာကွ။

နောက်တော့ ရှုပေါ်စု က ကျန်းရှုရဲ့ WeChat စကားပြောခန်းကို ဖွင့်ကာ မေးလိုက် တယ်။

" မင်းက အခုဘယ်မှာလဲ? "

ပုံမှန်လေးပဲ ကားတွေ လိုက်ကြည့်နေတဲ့ ကောင်လေးက သူ့ဖုန်းကို ထုတ်ကာ စာပြန်လိုက်တယ်။

" ကား အရောင်းပြ ခန်းမှာလေ ''

ကျန်းရှုက သူ အခုကြည့်နေတဲ့ ကားပုံကို ဓာတ်ပုံရိုက်ကာ ရှုပေါ်စု ဆီကို ပို့လိုက်လေတယ်။

" ဒီကား က ကြည့်လို့ကောင်း လား?  ကျွန်တော် ပိုက်ဆံ ရှိတဲ့အခါ ကျရင် တစ်စီးလောက် ဝယ်ရအောင်လို့လေ ''

ရှုပေါ်စု: '' ဒါလေးက ကြည့်လို့ကောင်း ပါတယ်။ ဒါနဲ့ မင်းလေး က ကားကို တစ်ယောက် ထဲ သွားပြေး ကြည့်တာပေါ့လေ? "

ကျန်းရှု: '' ဟင့်အင်း။ ဒရိုင်ဘာ လည်း ပါတယ် ။ သူက ခဏ ခေါ်လာပေးတာ ''

( ငါ့ဘဲကိုပြောရက်တာ 😔)

ရှုပေါ်စု: '' အိုကေ ။ မင်းပြန်လာမယ့် အချိန် ကို ကိုယ်စောင့်နေမယ်နော် ''

သတင်းကို သိရပြီးတဲ့ နောက်မှာ ရှုပေါ်စု က လုခယ်ကို ပြန်ပြောလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now