Chapter (15.2)

4.9K 682 14
                                    

{Unicode }(15.2)

ကျန်းရှုဟာ အိမ်ကို ပြန်ရောက် ရောက်ချင်းပဲ ရေချိုးခန်ထဲ ဝင်ကာ ရေချိုးလိုက်တယ်။ သူဟာ  သခင်ငယ်လေး ကိုတော့ မီးဖိုချောင်ထဲ သွားတာကိုတွေ့ လိုက်ရတာပဲ။

ကျန်းရှုဟာ ရေချိုးပြီးနောက် လေအေးပေးစက် ရှိတဲ့အိပ်ခန်းထဲကို ပြေးဝင်ကာ သူ့ရဲ့အိတ်ထဲက နေ ဘောင်းဘီ ရှည်ကို ထုတ်ကာ ဝတ်လိုက်တယ်။

ရှုပေါ်စု က ညနေစာ မချက်သေးပါဘူး။ အခုမှ အစောကြီး ရှိနေသေးတာကြောင့် ပါဝင် ပစ္စည်း လေးတွေကို အသင့်ပြင်ထား ယုံလေးပါပဲ။ ပြီးတော့ သလဲစေ့တွေကို ပန်းကန်တစ်လုံးထဲ ထည့်ကာ ကျန်းရှုဆီကို ယူလာပေးခဲ့တယ်။ ပြီးတဲ့နောက် သူလည်း ရေချိုးလိုက်တော့တယ်။

" ဟေး ဒီနေရာက ခများရဲ့ Wifi ps က ဘာတဲ့လဲ?''

ကျန်းရှုဟာ အိမ်မှာ အင်္ကျီ ချွတ်ထား တက်တဲ့ အမျိုးသားကို အိပ်ယာဆီ မှီကာမေးလိုက်တယ်။

ဝါးဖျာလေးကို အောက်မှာခင်း ပြီးတော့ ဇာတ်ကားကြည့်ရင်း မုန့်စား ။ အိုက်ယား ဘဝကြီးက တကယ်ကို သာယာသကိုးကွ။

သဘာဝ စည်းချက်လေး အတိုင်းမျောပါ သွားကြစို့။

" မင်းဖြည့်ဖို့ ကိုယ်ကူညီမယ် ''

ရှုပေါ်စု က ကျန်းရှုဘေးနားကို လျောက်လာပြီးတော့ ထိုင်ကာ Wifi ps ထည့်ဖို့ ကူပေးလိုက်တော့တယ်။ သူက တစ်ခြားသူကို ဖုန်းပြန်ပေး လိုက်တဲ့အချိန် တစ်ဖက်က လူက ဘာဇာတ်ကား ကို ကြည့်နေသလဲ ဆိုတာကို တစ်ချက်လှမ်း ကြည့်လိုက်တယ်။

သူ့အမြင်အာရုံ တွေတောင် ဆုံးရှုံး တော့မလိုပဲ။ သူ့ရဲ့ ကျန်းစတော်ဘယ်ရီ လေးက ခေါင်းခြောက်လုံး ပါတဲ့ ငမန်းကားကို ကြည့်နေတယ်လေ။

" အဲ့တာက ကြည့်လို့ကောင်း လို့လား? "

ရှုပေါ်စုရဲ့မျက်လုံးတွေ လောင်ကျွမ်း လာကာ သူ့အိပ်ယာကို မှီထားတဲ့ ဇာတ်ကား ကြည့်ဆဲ လူငယ်လေးကို မေးလိုက်တယ်။

" ဒါက သိပ်ပြီးအဓိပ္ပါယ် မရှိဘူးလို့ မင်းမထင်ဘူးလားဟင်? "

ကျန်းရှုက ဖုန်းမျက်နှာပြင်ကို စိုက်ကြည့် နေလေတယ်။

" အဲ့တာက ကြည့်လို့ မကောင်းရင် ကျွန်တော် က ကြည့်ပါ့မလား? "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now