Chapter (18.1)

4.8K 640 13
                                    

{Unicode }(18.1)

ဘေးအခန်းမှာ တော့ ပေါ့ပေါ့ပါးပါး အိပ်မောကျနေ ခဲ့တဲ့ ကျန်းရှုလေးဟာ ဆိုရင်တော့ ဘေးကို အမှတ်တမဲ့လှည့်မိရာကနေ နာကျင် မှုကြောင့် နိုးသွားပါတော့တယ်။

မနေ့ညက ရှုပေါ်စု နဲ့အတူ လူးလိမ့်ခဲ့တဲ့ မှတ်ဉာဏ် တွေက တစ်ခုပြီး တစ်ခု ပေါ်လာကာ သူဘယ်လောက်တောင် တက်ကြွစွာ ပါဝင် လှုပ် ရှားခဲ့သလဲ ဆိုတာကို ပြန်သတိရလာတယ်။ ရှုပေါ်စု က သူ့အပေါ် ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲ လိုက်သလဲဆိုတတွေကိုလည်း မှတ်မိလာတယ်။

" ငါလိုးတဲ့မှပဲ..... ''

ကျန်းရှု က သူ့မျက်နှာ ကို လက်ဖဝါး နဲ့ဖုံးအုပ်ကာ ထထိုင် လိုက်လေတယ်။ ပြီးတော့မှ အောက်ကို ဖြေးဖြေးလေး ငုံ့ကြည့်လိုက် မိတော့တယ်။

အရမ်းကောင်း တယ်။ ခန္ဓာကိုယ် တစ်ခု လုံး ကိုက်ရာတွေနဲ့ ချည်းပဲ ။

ကျန်းရှု က အိပ်ယာပေါ် ကိုပြန်လှဲချကာ ခေါင်းအုံး တစ်လုံး ယူပြီးတော့ မျက်နှာပေါ် တင်လိုက် ကာ စိတ်ကျ လျော့ချဖို့ ကြိုးစားနေခဲ့တယ်။

သူက ဘယ်လို လုပ်ပြီး ရှုပေါ်စု နဲ့ အလိုတူအလိုပါ ပါဝင်လိုက်သလဲ ဆိုတာကို စဥ်းစား နေခဲ့လေတယ်။

ဒါကို အချစ်လို့ ခေါ်တာလား?

ဖွီး........

တွေ့တာဖြင့် ရက်အနည်းငယ် ပဲရှိနေသေးတဲ့ဟာ ကို ဒါလိုလုပ်တာက အချစ် ကြောင့်ပါ လို့ပြောရင် ရယ်စရာကောင်း မနေဘူးလား။

သူက အထီးကျန်နေ မိလို့ လိုက်လျော မိတာ ပဲ ဖြစ်ရမယ်။

အမ်း နောက်နည်းနည်းလောက် ကြာရင်တော့ အဲ့လိုလုပ်ရတဲ့ အကြောင်း အရင်း က ပိစိလေး ပြောင်းချင် ပြောင်းသွားလောက်ပါတယ်လေ။ ဟုတ်တယ် ဟုတ်? ။

ကျန်းရှု ဝန်ခံပါတယ်။ သူက ဘာမှ မရှိတဲ့ မိဘမဲ့ ကလေး တစ်ယောက် နဲ့ တူနေပြီးတော့ အခုချိန်မှာ ဘယ်ကနေရာကို သွားရမလဲ ဆိုတာ တကယ်ကို မသိတော့ဘူး။

ဒါက ရှုပေါ်စု ရဲ့ နေရာလေးက ကျဥ်းလို့ပဲ ဖြစ်ရမယ်။ အခုတော့ သူဘယ်ကို သွားရမလဲ ဆိုတာကို မသိတော့ ဘူး။ ပြီးတော့လည်း ဘယ်ကိုမှ သူမထွက်သွား ချင်တော့ဘူး။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now