အပိုင်း(၁၆၆) အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်းလက်နက်

365 8 2
                                    

ရှေးခေတ်မှ လူတွေက သူတို့၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးများကို တင်၍ ရိုက်ခွဲကြလေ့ ရှိသည်။

ယနေ့တွင်မူ လက်ထိတ်ကို ဖျက်ဆီးရန် လက်နက်တစ်ခုအဖြစ် အသုံးချနေကြပြီ ဖြစ်၏။

ကျန်းလျှိုယင်းက ကြေမွနေသော လက်ထိတ် အစအနများကို ကြည့်ရင်း သမိုင်းဝင် စွမ်းဆောင်မှု တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ နှလုံးသားထဲတွင် တုန်လှုပ်သွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

သူမ ထောင်ကနေ ထွက်ပြေးလာနိုင်သည့် အဓိက အကြောင်းအရင်းမှာ ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်သော အဆောင်လက်ဖွဲ့က အလွန် အသုံးဝင်သောကြောင့် ဖြစ်သည်။

ထိုအဆောင်လက်ဖွဲ့ကို အမဖြစ်သူ ကိုယ်တိုင် ရေးဆွဲပေးခဲ့ခြင်း ဖြစ်ပြီး စျေးကွက်မှာ ရောင်းနေသည့် အဆောင်လက်ဖွဲ့များထက် ပို၍ ဖျက်ဆီးအားကောင်း၏။

ကျန်းလျှိုယင်းက လက်ထိတ် အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးနောက်တွင် သူမ၏ ဝိညာဉ်စွမ်းအင် သိသိသာသာ ပြန်လည် ကောင်းမွန်လာသည်ဟု ခံစားမိလိုက်သည်။

အကျဉ်းထောင်အောက်ရှိ မှော်အခင်းအကျင်းမှာ သူမ၏ ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ရာတွင် အဓိက အခန်းကဏ္ဍ တစ်ခုမှ ပါဝင်နေသော်လည်း ထောင်ကျနေချိန် အတွင်းမှာပင် တင်းကျပ်သော ပတ်ဝန်းကျင် အခြေအနေကို သူမက တဖြည်းဖြည်း အသုံးချလာနိုင်ခဲ့သည်။

သူမ၏ ခန္ဓာကိုယ်တွင် CPU နှစ်ခုကဲ့သို့ ရွှေအမြူတေ နှစ်ခုပါရှိသောကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်မှာ သာမန်လူများထက် ပိုမိုလျင်မြန်စွာ လည်ပတ်နိုင်ခဲ့သည်။

ထို့ကြောင့် တင်းကျပ်သော ပတ်ဝန်းကျင် အခြေအနေမှာပင် သူမက သူမ၏ ခွန်အားတစ်ဝက်ကို အသုံးချနိုင်ဆဲ ဖြစ်သည်။

ယင်းမှာ သူမအား ထောင်မှ လွတ်မြောက်အောင် ကူညီပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အကျဥ်းသားများကို ထောင်အောက်ရှိ မှော်အခင်းအကျင်း အပြင် လက်ထိတ်ခတ်ခြင်းဖြင့် ကန့်သတ် တားဆီး ထားသောကြောင့်  သာမန် ရာဇဝင် လူဆိုး တစ်ဦး အတွက် ထောင်အတွင်း အသုံးပြုသည့် ခုခံမှု သလင်းကျောက် အကူအညီ မပါဘဲ ထွက်ပြေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now