အပိုင်း(၂၄၄) ငါတစ်နေ့နေ့ လင်းကျန်းရန် ရဲ့ အိပ်ရာပေါ်မှာ အိပ်နိုင်ရင်...

35 2 0
                                    

ဗုံးပစ်စီနီယာ အင်မော်တယ်၏ စည်းမျဥ်းမှာ အထူးလူများအတွက် အထူးနည်းလမ်းများကို အမြဲ အသုံးပြုခြင်း ဖြစ်သည်။

ဟုတ်ပါသည်.. ယင်းက ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှု နှင့်အနည်းငယ် တူသော်လည်း နောက်ကွယ်ကနေ လှည့်ကွက်များဖြင့် ကစားရသည်ကို ​နှစ်သက်သည့် အမှောင်အင်အားစုတွေကို ကိုင်တွယ်ရန် အတွက်မူ သင့်လျော်သော စစ်ကြောရေးနည်းလမ်း ဖြစ်၏။

ကျင့်ကြံခြင်းမှ တဆင့် အခြေခံ အမှန်တရားများကို လူတိုင်း နားလည်နိုင်စွမ်း မရှိဟု သူခံစားခဲ့ရသည့် အချိန်များလည်း ရှိသည်။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် အခြေခံ အမှန်တရားနှင့် ပတ်သက်ပြီး မတူညီသော နားလည်မှုများ ရှိကြ၏။

အကြီးမားဆုံး ခြားနားချက်မှာ အချို့သော သူများက ပိုမိုပညာရှိလာကြပြီး အချို့က ပိုမို ဗရုသုက္ခ ဖြစ်လာခြင်းပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မိုးကြိုး အမွေအနှစ်ကို အသုံးပြု၍ ညှဥ်းပန်းနှိပ်စက်ရန် ဓမ္မရာဂျာကို တိုက်တွန်းနေသည်ကို ကြားပြီး အင်မော်တယ်စံအိမ်မှ ထန်လေးမှာ ကူကယ်ရာမဲ့စွာဖြင့် ချွေးစေးများ သိသိသာသာပင် ကျလာသည်။

ထန်လေးက ဓမ္မရာဂျာကို မေးခွန်းထုတ်လိုက်သည်။

"မင်းက မိုးကြိုးမျိုးနွယ်စုက ဆင်းသက်လာတာလား"

"ဟုတ်တယ်"

ဓမ္မရာဂျာက ခေါင်းညိတ်လိုက်သည်။

ထန်လေး "............"

မျက်မှန်တပ်ပြီး ဖောက်ပြန်သည့် ဦးလေးကြီးလို ပုံစံနှင့် သူ့ရှေ့မှာ တစ်ချိန်လုံး ရပ်နေသည့် ဤလူက ရှေးကျသော မျိုးနွယ်စု ၁၂ စုထဲမှ တစ်ခု ဖြစ်သည့် မိုးကြိုးမျိုးနွယ်စုမှ ဆင်းသက်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ရိုးရိုးသားသားပြောရလျှင် စောစောက သူတို့နှစ်ဦးသား အကြည့်ချင်း ဆုံမိသည့် စက္ကန့်ပိုင်းအတွင်းတွင် ဤဖောက်ပြန်သော ဦးလေးကြီးက အပြာကားကို သရုပ်ဆောင်သည့် ဇာတ်ဆောင်တစ်ဦး ဟုတ်မဟုတ်ဟု သူတွေးတောနေမိသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now