အပိုင်း(၃၀၁) စကားအလွန်များသော လူဆိုးများသည် သေတတ်သည်

25 3 0
                                    

အင်မော်တယ်စံအိမ်သခင်ချန်ယွီက ရန်သူကို လျှော့တွက်ထားမိကြောင်း သိလိုက်သည်။

'စကားအလွန်များသော လူဆိုးများသေတတ်သည်'ဟူသော ရှေးဆိုရိုးစကားကိုပင် သတိရမိသွား၏။

အကြောင်းတစ်ခုခုကြောင့် ထိပ်တန်း မှော်ပညာနှစ်မျိုးကို တစ်ခုပြီးတစ်ခု ထုတ်သုံးလာသော ဖန့်ရှင်းကို မြင်ရလျှင် ချန်ယွီက မရဏကြယ် ပေါ်လာသည်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

အင်မော်တယ်ရှဲဖီက မသေမီတွင် တစ်စုံတစ်ယောက်အား အမွေပေးခဲ့လိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

သူက ဖန့်ရှင်းကို သူ၏ မြွေရေခွံချပ်များနှင့် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ပေးအပ်ရုံသာမက အဖြူရောင်ည စွမ်းရည်ကိုပါ ပေးအပ်ခဲ့သည်။

ကြောက်စရာ အကောင်းဆုံးမှာ ဖန့်ရှင်းက အင်မော်တယ်အသွင်ယူ စွမ်းရည်ကိုပါ ကျွမ်းကျင်နေခြင်းပင်။

ဤစွမ်းရည်နှစ်မျိုးကို လူတစ်ဦးထဲက ဖန်တီးထားခြင်း မဟုတ်သော်လည်း ၎င်းတို့က အလွန်လိုက်ဖက်သည်။

၎င်းတို့က ထာဝရလှုပ်ရှားနိုင်သော စက်ကဲ့သို့ အဆုံးမရှိလုပ်ဆောင်နိုင်၏။

အဖြူရောင်ညစွမ်းရည် ချပ်ဝတ်တန်ဆာသည် သဘာဝ ဝိညာဉ်စွမ်းအင်များ စုဆောင်းခြင်း၏ ရလဒ် ဖြစ်သည်။

ဝိညာဉ်စွမ်းအား ရှိနေသ၍ ဤသံချပ်ဝတ်ကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။

သဘာဝမကျဆုံးသော အစိတ်အပိုင်းမှာ ဤစွမ်းရည်က မူလစိတ်ဝိညာဉ်နယ်ပယ်၏ ကန့်သတ်ချုပ်ချယ်မှုကဲ့သို့ မြေပြင်အခြေအနေများကို လုံးဝ လျစ်လျူရှုထားခြင်း ဖြစ်သည်။

အင်မော်တယ်အသွင်ယူ စွမ်းရည်ကို ထုတ်သုံးလိုက်သည်နှင့် စွမ်းအင်များက ထာဝရလှုပ်ရှားနိုင်သော စက်ကဲ့သို့ အဆုံးမရှိလည်ပတ်နိုင်ပြီး တိုက်ပွဲဝင်စွမ်းအား၏ ပေါက်ကွဲနှုန်းကို တိုးစေ၏။

အဖြူရောင်ညစွမ်းရည်မှာ လူထုကို အံ့အားသင့်စေသော အင်မော်တယ်ရှဲဖီ၏ အထူးစွမ်းရည် ဖြစ်သည်။

ထိုစွမ်းရည်ကို လူတချို့ကသာ မျက်​မြင်တွေ့ဖူး၏။

ယခုအခါတွင် ဖန့်ရှင်းက ဤစွမ်းရည်ကို အမွေဆက်ခံခဲ့ပြီး ချန်ယွီကို အမှန်တကယ် အံ့အားသင့်စေသည့် အရင်းအမြစ်တစ်ခုအဖြစ် တစ်ဖန် ပြန်လည် အသုံးပြုလျက် ရှိသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now