အပိုင်း(၂၇၆) သွားစို့ညီနောင်လင်း.. အနိုင်အထက်ပြုကျင့်နေတဲ့ကောင်တွေကို အနိုင်ယူလိ

25 3 0
                                    

"ဒီဓားအလင်း.."

ယင်းက နေရာလွတ် မပေါက်ကွဲခင် တီဗီဖန်သားပြင်ပေါ်၌ ပေါ်လာခဲ့သည့် အညိုရောင်ဝိညာဥ် အလင်းမှန်း သေချာသည်။

အရှေ့ပိုင်းဌာနခွဲမှူးက သဘောပေါက်သွားသည်။

ဤဝိညာဥ်ဓားက သာမန်ဓားတစ်လက် မဟုတ်ပေ။

ဤသည်မှာ အဓိပ္ပါယ်ဖော်ရန် အလွန်ခက်ခဲသော ခံစားချက်တစ်ခု ဖြစ်သည်။

ဓားက သူ့ဆီသို့ မချဥ်းကပ်မီမှာပင် ဖိနှိပ်လိုသည့် ခံစားချက်ကို အဝေးကနေ ထုတ်လွှတ်ထားသည်။

ဤဓားဝိညာဥ် အလင်းရောင် နှင့် အကျွမ်းဝင်နေသော ဌာနခွဲမှူးမှာ နောက်ဆုံးတွင် ဓားဝိညာဥ်၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရ၏။

[တကယ်ပဲ ဒါက မက်မွန်သစ်သားဓား တစ်လက် ဖြစ်နေတာလား]

မက်မွန်သစ်သားဓား တစ်လက်က မေးခွန်းသင်္ကေတ ကိုးခုလို ပုံမှန်မဟုတ်သည့် အညွှန်းကိန်းမျိုး မည်ကဲ့သို့ ထုတ်လုပ်နိုင်ပါသနည်း။

ဓားချီကို ကြည့်၍ သုံးသပ်လျှင် ဤဓားက တကယ်ကို သန်မာသည်ဟု ထင်ရသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားကမူ စွမ်းအားအညွှန်းကိန်းကို တိုင်းတာရာတွင် အသုံးပြုသည့် ကိရိယာ၌ ပြဿနာတစ်ခုခု ရှိနေသည်ဟု ခံစားခဲ့ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲက မင်းကိုရှာနေတာ ဆိုတော့ အရင်ခေါ်သွားမှ ဖြစ်မယ်"

အရှေ့ပိုင်း ဌာနခွဲမှူးက မျက်မှောင်ကြုတ်လိုက်သည်။

သူက ခမ်းနားလှသော ဓားဝိညာဥ်ကို စိုက်ကြည့်ရင်း လက်ကို မြှောက်လိုက်ရာ မှင်ကဲ့သို့ အနက်ရောင် သွေးကြောမျှင်များ ဖုံးအုပ်ထားသည့် အနက်ရောင် အလံငယ်များစွာ လေထဲ၌ ထွက်ပေါ်လာသည်။

လေပြင်းတစ်ချက် တိုက်လိုက်သည်နှင့် ထိုအလံများက လျင်မြန်စွာ ကျယ်ပြန့်လာပြီး သူ့ပတ်ပတ်လည်တွင် စတင် လှည့်ပတ်လာကြသည်။

၎င်းက လျှပ်တစ်ပြက် အတွင်း လေဟာနယ် စွမ်းအား သဏ္ဍာန်ဖြစ်လာပြီး  ကျင့်ခယ်၏ ဖိအားကို ဆန့်ကျင်သည့် အတားအဆီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Donde viven las historias. Descúbrelo ahora