အပိုင်း(၂၃၉) တံခါးဖွင့်ထားပြီ ကျင့်ခယ် သွားတော့

34 5 0
                                    

ကျင့်ကြံမှု အသိုင်းအဝန်းတွင် နောက်ကွယ်မှ ဇာတ်မြုပ်နေသော ကျွမ်းကျင်သူများစွာရှိသည်ကို ဓမ္မရာဂျာက ကောင်းစွာသိသည်။

ကျော်ကြားမှု နှင့် ကံကြမ္မာ အားလုံးကို စွန့်ပယ်၍ လောက၏ဖောက်ပြန်ခြင်း သဘောတရားကို လေ့လာရန် ရည်ရွယ်ချက်ဖြင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှ အကြီးအကဲများက သာမန်လူတစ်ယောက်၏ ဘဝကို မငြူစူဘဲ အလိုရှိကြသည်မှာ သဘာဝပင်။

အဆုံးသတ်တွင် ဤအထီးကျန် အကြီးအကဲများ အတွက် ကျင့်ကြံခြင်း လမ်းစဥ်မှာ အချည်းနှီး ဖြစ်သွားခဲ့ကြသည်။

အသက်ရှည်ရှည် နေလာရသည်နှင့်အမျှ ဘဝက အဓိပ္ပါယ်မဲ့သလို ဖြစ်လာပြီး အသက်ရှင်ရန် ငြီးငွေ့လာသည့် အချိန်များပင် ရှိလာသည်ဟု အကြီးအကဲများက ယေဘုယျအားဖြင့် ယူဆကြသည်။

အဆိုးဆုံးအရာမှာ အမှန်တကယ် မသေနိုင်ခဲ့လျှင် သို့မဟုတ် အသတ်မခံရလျှင် ထိုပြဿနာနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်၏။

ဓမ္မရာဂျာက ဖေဖေဝမ်ကို အလွန် လေးစားရသည့် အကြောင်းရင်းမှာ ဤစီနီယာကြီးက လောကကြီးနှင့် ပေါင်းစည်းရန် လုံးလုံးလျားလျား ရွေးချယ်ခဲ့ပြီး သာမန်ကမ္ဘာတွင် နေထိုင်ရန် လူ့အဖွဲ့အစည်း၏ အောက်ခြေအထိ နက်နဲစွာ ထိုးဖောက် ဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ဆိုလျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ဟု ဓမ္မရာဂျာက ခံစားမိသည်။

ကျင့်ကြံသူများက သာမန်ကမ္ဘာတွင် အလုပ်အကိုင်များ ကိုယ်စီ ရှိကြသော်လည်း အများစုမှာ ကျင့်ကြံမှုနှင့် ဆက်စပ်မှုရှိသည့် လုပ်ငန်းများတွင်သာ အလုပ်လုပ်ကြလေ့ ရှိသည်။

ဥပမာပြရလျှင် သူက မှော်ရတနာများကို ပြုပြင်ရန်အတွက် သူ၏ မိုးကြိုးအမွေအနှစ်ကို အသုံးပြုကာ ဝင်ငွေကို ရှာဖွေခဲ့ရသည်။

သို့ရာတွင် ဂုရုကြီးဝမ်ကမူ ငှက်နှစ်ကောင်ကို ခဲတစ်လုံးဖြင့် သတ်နိုင်ခဲ့သလို စာအုပ်တစ်အုပ်တည်းဖြင့် လုပ်နိုင်ခဲ့သည်။

ဓမ္မရာဂျာက ဤအရာကို အထူးတလည် အံ့သြဖွယ် တွေ့ရှိခဲ့သည်။

သေချာသည်မှာ ဤစီနီယာက မည်သည့်အရာကိုပဲ လုပ်လုပ် ထွန်းလင်း တောက်ပနေမည်သာ ဖြစ်၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now