အပိုင်း(၂၂၀) ရှေးဟောင်း ကုန်ပစ္စည်း ဖလှယ်ခြင်း အစီအရင်

35 3 0
                                    

"အဲဒီလူက ဘယ်လိုသေသွားတာလဲ"

ရှောင်ယွင်ချမ်း ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် ချန်းချောင်က အံ့သြသွားသည်။

ရှောင်ယွင်ချမ်း၏သေဆုံးမှုက အနည်းငယ် ရိုးရှင်းမှုမရှိဟု သူခံစားမိသည်။

မည်သူက မည်သို့ရိုက်ခဲ့လဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် အစိမ်းရောင် မီးခိုးလုံးများက ရှောင်ယွင်ချမ်းဆီ လွင့်ပျံလာခဲ့သည်။

တစ်စုံတစ်ယောက်က သူ့ကိုသတ်ခဲ့ပါသလော။

"ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်"

အဆင့်ရှစ် ဒူးခံခေါင်းအုံး၏ အကူအညီဖြင့် ချန်းချောင်က အနီးတစ်ဝိုက်တွင် ၎င်းတို့လေးဦးသာ ရှိကြောင်း ရိပ်မိခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်သာ တာဝေးပစ် မှော်လက်နက်ကို အသုံးပြု၍ အနီးကပ် တိုက်ခိုက်မည် ဆိုလျှင် အဆင့်ရှစ် ဒူးခံခေါင်းအုံး၏ ဝိညာဥ်စွမ်းအား ဖြန့်ကျက်မှုကနေ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ပြင် နတ်ဘုရားဒဏ်ခတ်ခြင်းကို ယခုပင် သူမြင်ခဲ့ရသည်။

ကောင်းကင်တွင် တိမ်ညိုများ နှင့် ငွေရောင်မြွေလို လျှပ်စီးကြောင်းများက ရုတ်တရက် ဖုံးလွှမ်းလာပြီးနောက် ရှောင်ယွင်ချန်းက အစိမ်းရောင် မီးခိုးများဖြင့် ဖုံးလွှမ်းခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် စက္ကန့်​သုံးဆယ်​​လောက်​ အကြာတွင် ကောင်းကင်ပေါ်ရှိ အခြေအနေက ရုတ်ခြည်း ပျောက်​ကွယ်​သွားခဲ့သည်​။

ချန်းချောင်က သူမြင်တာ မမှားဘူးဆိုတာ သေချာနေသည်။

"ဒုတိယအစ်ကို.. အဲဒါ ဘာဖြစ်သွားတာလဲ သိလား"

ချန်းချောင်က သူ့မျက်လုံးထောင့်ကနေ ဝမ်လင်းကို လှည့်ကြည့်နေသည့် ဝမ်မင်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်တယ်။

ပြဿနာ အားလုံး၏ အကြောင်းရင်းခံက သူနဲ့ ဘာမှ မဆိုင်သကဲ့သို့ ဝမ်လင်း၏ မျက်လုံးတွေက သူတို့နဲ့ မနီးမဝေးရှိ မြေပြင်ပေါ်မှ ခေါက်ဆွဲခြောက်ထုပ်တွင်သာ ရောက်ရှိနေသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now