အပိုင်း(၂၈၇) ဒေါ်လေး နှစ်ယောက်အတွက် cappuccino ပေးပါ။

21 3 0
                                    

ဤအမျိုးသမီးနှစ်ဦးက အလွန်ထူးခြားသည်ဟု ထင်သော​ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ဓာတ်ပုံရိုက်ရန် သူ၏ ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။

ဖုန်းကင်မရာက လင်းခနဲဖြစ်သွားသည်နှင့် အမျိုးသမီးနှစ်ဦးက ကြောက်လန့်တကြား ဖြစ်သွားကြ၏။

အွန်လိုင်းဆယ်လီ အသွင်အပြင်ရှိသည့် အမျိုးသမီးက သူမ၏ မျက်နှာကို လက်ဖြင့် ချက်ချင်း ဖုံးအုပ်ထားလိုက်သည်။

"ဘာကြီးလဲ.. ဒါက ဘယ်လို အမှောင်လက်နက် အမျိုးအစားလဲ"

ဗုံးပစ်စီနီယာအင်မော်တယ် အံ့သြသွားသည်။

ယနေ့ခေတ်တွင် ခေတ်မီနည်းပညာကို အသုံးမပြုဘဲ ရှေးရိုး အစဉ်အလာကို ခေါင်းမာစွာ ဆုပ်ကိုင်ထားသော သက်ကြီးရွယ်အို အများအပြား ရှိနေဆဲ ဖြစ်သော်လည်း ဤအမျိုးသမီး နှစ်ဦးကမူ ဆဲလ်ဖုန်းက မည်သည့်အရာဆိုသည်ကိုပင် မသိကြပုံရနေသည် မဟုတ်လော။

သူက ဖုန်းစခရင်ကို အမျိုးသမီး ဘက်သို့ လှည့်ပြလိုက်ပြီး သူရိုက်ထားသည့် ဓာတ်ပုံကို ပြလိုက်သည်။

ဖုန်းထဲမှပုံကိုမြင်လျှင် အွန်လိုင်း ဆယ်လီအသွင်အပြင် ရှိသည့် အမျိုးသမီးက အံ့အားသင့်နေ၏။

"ဒါက ဘာမှော်ရတနာလဲ.. ရုပ်ပုံတွေကို တကယ်ကြီး ထိန်းသိမ်းထားနိုင်တယ်နော်."

သူမဘေးမှ ဘဲဥပုံမျက်နှာ အသွင်အပြင်ရှိသည့် ကျင့်ကြံသူကလည်း အံ့အားသင့်နေသည်။

"အလှလေး ကြည့်လိုက်စမ်း.. နင့်ရဲ့ အသားအရေက ဒီရတနာထဲမှာဆို ပိုလှတယ်.. ဒီမှော်ရတနာက ငယ်ရွယ်နုပျိုမှုကိုရော ထိန်းသိမ်းထားနိုင်လား"

ဤမေးခွန်းကိုကြားလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့က ဆွံ့အသွားသည်။

၎င်းက ဖုန်း၏ သာမန် လုပ်ဆောင်ချက်မျှသာ ဖြစ်သည် မဟုတ်လော။

"............"

ယင်းက ဆဲလ်ဖုန်းတစ်ခုမျှသာ ဖြစ်သော်လည်း အမျိုးသမီး နှစ်ဦးက အချိန်အတော်ကြာအောင် မှင်တက်နေမိသည်။

နှစ်မိနစ်လောက် အကြာတွင် ဘဲဥပုံမျက်နှာရှိသည့်သူက တိုးတိုးလေး မေးလိုက်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now