အပိုင်း(၂၈၆) နှစ်သစ်အတွက် ဗြောက်အိုးဖောက်ခြင်း

26 3 0
                                    

ထိုအချိန်တွင်..

စန်းယွမ်လမ်းတစ်လျောက်ရှိ နန်းတော်များအောက်၌ လျှို့ဝှက်မြေအောက် နန်းတော်တစ်ခု ရှိနေသည်။

မြေအောက်နန်းတော် အတွင်းတွင် အနီရောင်ဝတ် ကျင့်ကြံသူတစ်ဦးက လက်ထဲတွင် ငွေရောင်ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထား၏။

ကြယ်ရောင် တောက်ပနေသော ဤဓား၏ ဓားသွားပေါ်တွင် ကြယ် ဆယ့်နှစ်လုံး အစီအရင် အသေးစားလေးကို ဖြန့်ကျက်ရေးဆွဲထားသည်။

အနီရောင်ဝတ် ကျင့်ကြံသူ၏ လက်ချောင်းထိပ်များက ဓားသွားပေါ်ရှိ ကြယ်ဆယ့်နှစ်လုံး အစီအရင်ပေါ်တွင် ချောမွေ့စွာ ရွေ့လျားနေ၏။

ယင်းအချိန်မှာပင် ကြယ်ဆယ့်နှစ်လုံး အစီအရင်က ရုတ်တရက် မှေးမှိန်သွားရာ အနီရောင်ဝတ်ကျင့်ကြံသူက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ရန်သူတွေက ငါတို့ရဲ့ အင်မော်တယ်စံအိမ်ကို ခက်ခက်ခဲခဲ ကျူးကျော်ဝင်ရောက်လာပုံရတယ်..  ကြယ်ဆယ့်နှစ်လုံး နန်းတော် အစီအရင်ရဲ့ အုပ်ထိန်းသူ ဝိညာဥ် ဆယ့်နှစ်ပါးထဲက Piscesက တိုက်ပွဲမှာ သေဆုံးသွားခဲ့ရပြီ.. သူ့ရဲ့ ဦးခေါင်းနှစ်ခု စလုံး နုတ်နုတ်စင်းခံခဲ့ရတယ်"

အရှေ့ပိုင်း ဌာနခွဲမှူးက လက်ထဲတွင် လှောင်အိမ်တစ်ခုကို ကိုင်ဆောင်ရင်း အံ့အားသင့်နေသည်။

"ဒီလူတွေ ဒီနေရာကို တကယ်ပဲ ရှာတွေ့ခဲ့တယ်လား"

"ဒီဓားကို ဖမ်းမိတာ လွယ်ကူလွန်းတယ်လို့ မင်းမတွေးမိဘူးလား.. ဒီကြောင်နဲ့ကြွက် နည်းဗျူဟာက အင်မော်တယ်စံအိမ်ရဲ့ ဌာနချုပ်ကို ရှာတွေ့ဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်လောက်တယ်"

အနီရောင်ဝတ် ကျင့်ကြံသူက ရယ်မောလိုက်သည်။

အရှေ့ပိုင်း ဌာနခွဲမှူး ထိတ်လန့်တကြား ဖြစ်သွားသည်။

"ဒါဆို ကျတော်တို့ အခု ဘာလုပ်သင့်လဲ"

"စိတ်မပူပါနဲ့လေ"

အနီရောင်ဝတ်ကျင့်ကြံသူက သူ့လက်ကို ဝှေ့ယမ်းကာ အရှေ့ပိုင်း ဌာနခွဲမှူး လက်ထဲရှိ လှောင်အိမ်အား စိုက်ကြည့်လိုက်၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Nơi câu chuyện tồn tại. Hãy khám phá bây giờ