အပိုင်း(၃၁၀) ချီးထုပ်အကို ကျေးဇူးပဲ

19 2 0
                                    

တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရှာဖွေသည့် အပေါ် အခြေခံ၍ သုံးသပ်ရ​လျှင် ဝမ်လင်းက ဝမ်မင်ကို ရှာသည့် အကြိမ် အရေအတွက်မှာ လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရပေသည်။

ဝမ်လင်းထံမှ တောင်းဆိုမှုကို လက်ခံရရှိသည့် အချိန်တိုင်းတွင် ဝမ်မင်က သုတေသနဌာန၌ တစ်နေ့တာလုံး လန်းဆန်းသော စိတ်ခံစားချက်ကို ရရှိခဲ့သည်။

တစ်ခါတရံတွင် အကန့်အသတ်မဲ့ ကြီးထွားမှု နှင့် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ခြင်းသည် အကူအညီ လုံးဝမလိုအပ်ဟု မဆိုလိုပေ။

ဝမ်မင်က သူ့ဝမ်းကွဲညီလေးကို တတ်နိုင်သလောက် ကူညီပေးချင်ခဲ့သည်။

ထို့ကြောင့် ဝမ်လင်းက ပုံမှန်အားဖြင့် သူ့ကို မရှာတတ်သော်လည်း ဝမ်မင်က ဝမ်လင်း၏ မက်ဆေ့ချ်ကို ပထမဆုံးမြင်ရန် VIP မက်ဆေ့ချ်နေရာတွင် ထားခဲ့၏။

ထို့ကြောင့် တစ်စက္ကန့်အတွင်း စာပြန်နိုင်ခြင်းသည် ဝမ်မင်အတွက် ပုံမှန်လုပ်ဆောင်မှုဟုပင် ယူဆနိုင်ပေသည်။

ဝမ်လင်းက ဝမ်းကွဲညီလေးဖြစ်သော်လည်း ဝမ်မိသားစုထဲတွင် သူ၏ တစ်ဦးတည်းသော ညီလေး ဖြစ်သည်။

သူ့ညီလေးကို မကူညီလျှင် သူက မည်သူ့ကို ကူညီရမည်နည်း။

ဝမ်လင်း ပေးပို့လိုက်သည့် ဓာတ်ပုံကို ခဏမျှ စိုက်ကြည့်ပြီးနောက် ဝမ်မင်က မျက်မှောင်ကြုတ်သွား၏။

အဆုံးသတ်တွင် သူက ဝမ်လင်းကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ လင်းလေး"

"............"

ဝမ်မင်ထံမှ မက်ဆေ့ချ်ကိုမြင်လျှင် ဝမ်လင်း တစ်ယောက် အသက်ရှုပင် ကြပ်သွားသည်။

"ဒီကိစ္စအတွက် လူချင်းတွေ့ဖို့ ငါလာခဲ့မယ်.. ဒါပဲနော် ငါ ဖုန်းချလိုက်ပြီ"

ဝမ်လင်း "............"

ဝမ်မင်က ဝမ်လင်းအား ငြင်းဆိုရန် အခွင့်အရေးပင် လုံးဝမပေးဘဲ ဖုန်းချပစ်လိုက်သည်။

သုတေသနဌာနတွင်..

ဖုန်းချပြီးနောက် ဝမ်မင်က ထီပေါက်သည့် အမူအရာဖြင့် ဝမ်းသာအားရ ဖြစ်နေ၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Kde žijí příběhy. Začni objevovat