ဤအခိုက်အတန့်တွင် အင်မော်တယ်စံအိမ်၏ ကိုယ်ပိုင်ဌာနခွဲမှလူက ဤတိုက်ပွဲမှာ အဓိပ္ပါယ်မဲ့တိုက်ပွဲ ဖြစ်သည်ဟု ခံစားခဲ့ရသည်။
အစကတည်းကပင် သူ့အတွက် အနိုင်ရရန် အခွင့်အရေး အနည်းငယ်မျှ မရှိခဲ့ပေ။
"မင်းက အင်မော်တယ် စံအိမ်ကလား"
ထိုအချိန်တွင် ဘေးမှ ကြမ်းတမ်းသောအသံဖြင့် မေးသော မေးခွန်းတစ်ခုကို သူကြားလိုက်ရပြီး ကြီးမားသော အရိပ်နှစ်ခုက သူ့အပေါ် ပြင်းထန်စွာ ဖိနှိပ်လိုသော ခံစားချက်ဖြင့် ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏ရှေ့၌ သူ့ထက် လူကောင် ပိုကြီးပြီး
ကျင့်ဟွာ ဝက်ပေါင်ခြောက် ကဲ့သို့ သန်မာသော ကြွက်သားကိုပိုင်ဆိုင်ထားသည့် အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရ၏။[ဒီကမ္ဘာမြေကြီးပေါ် သူတို့ဘယ်ကနေ ရောက်လာတာလဲ]
[မဟုတ်သေးဘူး]
[တတိယလူရှိသေးတယ်ဟ]
ထန်လေးက မော့ကြည့်လိုက်ရာ လန့်ဖျပ်သွားသည်။
ထိုလူထွားကြီးနှစ်ယောက်အပြင် ပန်းရောင်အသားလုံးပုံသဏ္ဍာန် ဆံပင်ညှပ်ထားပြီး မီးခိုးရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ကလေးမလေး တစ်ယောက် ရှိနေသည်။
ကလေးမလေးက လူထွားကြီးတစ်ဦး၏ ပုခုံးပေါ်တွင် ထိုင်နေသည်။
လူထွားကြီးနှစ်ဦးက ကလေးမလေးကို ခေါင်းညိတ်ပြလိုက်သည်။
ထန်လေးက လုံးလုံးလျားလျား တုန်လှုပ်နေပြီ ဖြစ်၏။
ဤဓားဝိညာဥ်တင် မဟုတ်ဘဲ ဘယ်ကနေ ထွက်လာမှန်း မသိရသည့် ဤလူသုံးယောက်ကပင် သူ့ထက် ပို၍ သန်မာနေသည်။
သူ့မှာသာ အခွင့်အရေးရှိလျှင် သူ့ခေါင်းဆောင်ကို ချက်ချင်း ဖုန်းဆက်ပြီး ပြောချင်သည်။
[အကြီးအကဲ.. ကျနော် နောက်ထပ် မကစားချင်တော့ဘူး]
၎င်းတို့နှင့် သူကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ ကိစ္စမဟုတ်သော်လည်း သူ လုံးဝ မကစားနိုင်ခဲ့ပေ။
"တခြားနည်းလမ်းတွေ မရှိတော့ဘူးလား"
အင်မော်တယ်စံအိမ်မှ မှ ထွားကျိုင်းသော လူငယ်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
![](https://img.wattpad.com/cover/355266511-288-k871373.jpg)