အပိုင်း(၂၉၅) လူတိုင်းတွင် တိရစ္ဆာန်များကို ဂရုစိုက်ရန်တာဝန်ရှိကြသည်

45 6 0
                                    

ဝမ်လင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူ၏ အနီနှင့်အနက် အင်္ကျီကို လေပြင်းများက တိုက်ခတ်နေသည်။

အကျီကို ကြယ်သီး မဖြုတ်ထားသော်လည်း လူငယ်လေး၏ ညှပ်ရိုးနှင့် ခန္ဓာကိုယ် ကောက်ကြောင်းများကို  ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

၎င်းက ငွေရောင်စစ်မြင်း မြင်ဖူးသမျှတွင် အပါးလှပ်ဆုံး၊ အပိန်ဆုံး ဖြစ်သော်လည်း လူငယ်ထံမှ သယ်ဆောင်လာသော စွမ်းအင်၏ ပြင်းထန်မှုမှာ တုန်လှုပ် ချောက်ခြားစရာပင်။

ထိုလူငယ်က လူသားကျင့်ကြံသူ တစ်ယောက် မျှသာ ဖြစ်၏။

သူက မူလစိတ်ဝိညာဥ်နယ်ပယ်နှင့် အူတိုင် အစီအရင် ရှိနေသော်လည်း ထိုသိပ်သည်းသော စွမ်းအင်များ ရှိသည့် လူငယ်လေးကို အမှန်တကယ် မယှဥ်နိုင်ပေ။

သူခံစားနေရသည့် ထူးဆန်းသော ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် မရှိတော့ချေ။

သူက လူသားကျင့်ကြံသူတစ်ဦး နှင့် တိုက်ခိုက်နေရသော်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ ခွန်အားနှင့် ရင်ဆိုင်လိုက်ရသလို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။

"ချာတိတ်က ကောင်းကင်သားတော်များလား.. ဒီလိုလူ တကယ်ပဲ ရှိနေတာလား"

ငွေရောင်စစ်မြင်းက မီးတောက်နေသော ဥက္ကာပျံ အဖြစ်သို့ ပြောင်းလဲရင်း ဤအချက်ကို လေးလေးနက်နက် စဥ်းစားနေသည်။

ငွေရောင်စစ်မြင်းက ကောင်းကင်ကနေ ဝမ်လင်းဆီသို့ ခုန်ဆင်းလာစဥ် မူလစိတ်ဝိညာဥ်နယ်ပယ်က တုန်ခါသွား၏။

နောက်ထပ် ဘာတွေဆက်ဖြစ်မည်ကို သူ မသိသေးသော်လည်း သူ့ရှေ့မှ ချာတိတ်လေးက သူ၏ အသိတရားများကို ဖီဆန်နေသည်။

ဤတစ်ချီ တိုက်ခိုက်မှုက အောင်မြင်နိုင်မလား ဆိုသည်ကို သူကိုယ်တိုင်လည်း တပ်အပ် မပြောနိုင်ချေ။

မြေပြင်နှင့်မထိမီ အချိန်တွင် ငွေရောင်စစ်မြင်းက ဤဒဿနမေးခွန်းသည် Schrödinger ၏ ကြောင်စမ်းသပ်ချက် (ရူပဗေဒအယူအဆ စမ်းသပ်ပုံ) နှင့် တူသည်ဟု ခံစားလိုက်ရသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now