အပိုင်း(၂၈၁) စဥ်းစဥ်းစားစား လုပ်တတ်သော နောက်လိုက်

28 4 0
                                    

ဝမ်လင်းက မည်မျှပင် သန်မာသည်ဖြစ်စေ အနှစ်သာရအားဖြင့် သူက ကျောင်းသား တစ်ယောက် ဖြစ်နေဆဲဖြစ်၍ စာသင်ရန် လိုအပ်သည်။

တကယ်တမ်းတွင် သူ့ကိုယ်စား ကျောင်းတက်ရန် ကိုယ်ပွားကို ချန်ထားခဲ့ရ၍ ပြစ်မှုတစ်ခု ကျူးလွန်နေသလို ခံစားနေရသည်၊

လူတော်တော်များများက နွေရာသီ သို့မဟုတ် ဆောင်းရာသီ အားလပ်ရက်များတွင် မီးကုန်ယမ်းကုန် ကစားလေ့ရှိကြပြီး နောက်ဆုံးနေ့ကျမှ အိမ်စာကို ကုန်းရုန်း လုပ်လေ့ရှိကြသည်။

သို့သော် ဝမ်လင်းကမူ ကိုယ်ပွားအား အိမ်စာ လုပ်ခိုင်းလျှင် မိနစ်အနည်းငယ်သာ လိုအပ်လိမ့်မည် ဖြစ်၏။

ဝိညာဥ်စွမ်းအင်သုံး ကျည်ဆန်ရထားက သုံးနာရီအတွင်း လီပေါင်း သောင်းနှင့်ချီ ဖြတ်သန်းကာ ဆောင်းဥတုမြို့ ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာသည်။

လူတိုင်း ပြောကြသလိုပင်၊ မြို့ထဲရောက်လာသည်နှင့် အပူချိန်က လျင်မြန်စွာပင် သိသိသာသာ ကျဆင်းသွားသည်။

ဝမ်လင်းက ရထား ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ ကျင့်ကြံသူ အများအပြားက အဝတ်အစားများ ထပ်၍ ဝတ်ထားကြပြီး အအေးဒဏ် သက်သာစေရန် မတ်တပ်ထရပ်၍ ကိုယ်လက်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

ဆောင်းဥတုမြို့တော်၏ အအေးဒဏ်ကို ရွှေအမြူတေ အဆင့် ကျင့်ကြံသူ မဟုတ်လျှင် ခံနိုင်ရည်ရှိရန်မှာ အနည်းငယ် ခဲယဥ်း၏။

သူတို့ချက်ဂရုအဖွဲ့မှ လူခုနစ်ဦးထဲကမူ မည်သူမျှမထကြပေ။

အားလုံးက အတော်လေး သက်သောင့်သက်သာ ရှိနေပုံရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း ပေးခဲ့သော အသားကပ်ဝတ်စုံကြောင့် အအေးဒဏ်ကို လုံးဝ မမှုခဲ့ပေ။

ရထားအပြင်ဘက်မှ တိမ်ကင်းစင်သော ကောင်းကင်ပြာနှင့် နှင်းကျနေသော မြင်ကွင်းများကိုကြည့်ရင်း ဝမ်လင်း၏ တုန်လှုပ်နေသော နှလုံးသားက သိသိသာသာ ငြိမ်သက်သွားသည်။

အိမ်စာထဲတွင် စိတ်နှစ်ထားခြင်းကလည်း တကယ်တမ်းတွင် စိတ်ဖြေလျှော့နည်း တစ်မျိုး ဖြစ်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now