အပိုင်း(၂၁၀) ဗိုလ်ချုပ်ကြီး ရီလို ထူးချွန်သော လူကိုးဦး ရှိသည်

38 5 0
                                    

ယခုတစ်ကြိမ် စစ်ရေး လေ့ကျင့်မှု အခြေအနေက အနည်းငယ် အံ့ဩစရာ ဖြစ်သည်ဟု ဝမ်လင်း ခံစားမိသည်။

အင်မော်တယ်ထုန်ရာ စစ်သင်တန်းဆရာ ဖြစ်သည်ကို အသာထား၊ ဝမ်မင်ကပါ ပေါ်လာသည်။

ဝမ်လင်းက နံရံမှာကပ်နေသည့် ဝမ်မင်ကိုကြည့်ကာ စိတ်ထဲတွင် သက်ပြင်းကို ကျိတ်၍ချလိုက်၏။

ထို့နောက် ဝမ်မင်ကို နံရံထဲကနေ ဂရုတစိုက် ဆွဲထုတ်ပေးလိုက်၏။

ဝမ်မင်ကို မဆွဲထုတ်ဘူး ဆိုလျှင် ဝမ်မင်းက အသက်ရှုကြပ်ပြီး အာရုံကြောတွေ သေသွားနိုင်သည့် အလားအလာ ရှိနေသည်မဟုတ်လော။

အိပ်ဆောင်တွင် ကုတင်တစ်လုံး အပိုရှိနေသည်ကို ဝမ်လင်းသတိထားမိခဲ့သည်။

ထိုကုတင်က ဝမ်မင်အတွက် ဆိုသည်ကို တွေးကြည့်နေစရာပင် မလိုချေ။

လတ်ဆတ်သောလေကို အချိန်အတော်ကြာ ရှူရှိုက်ပြီး နောက်ဆုံးတွင် ဝမ်မင်က သက်ပြင်းချလိုက်သည်။

"ငါတီထွင်နေတာ ကြာပြီဖြစ်တဲ့ တူမီးပွားက တကယ်ပဲ ကျရှုံးသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

ဝမ်လင်း"............."

မြေပဲလေး"............"

"မင်းက အတန်းဖော် ဝမ်လင်းရဲ့ မိတ်ဆွေထင်တယ်"

ဝမ်မင်က သူ့ကိုယ်သူ ဖုန်ခါလိုက်ပြီး မြေပဲလေး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ငါ့နာမည်က ဝမ်ရှောင်အာပါ"

အကြောင်းတစ်ခုခုကြောင့် မြေပဲလေး၏နှလုံးသားကကူကယ်ရာမဲ့ကာ တုန်လှုပ်နေသည်။

ဝမ်မင်ထံမှ ခွန်အားနှင့်ပတ်သက်သည့် မည်သည့်အရှိန်အဝါကိုမှ လုံးဝမတွေ့ခဲ့ပေ။

ထိုအချက်ကပင် ဤသူက အလွန် အန္တရာယ်များသော လူဖြစ်ကြောင်း သူ့ပင်ကိုယ်အသိက ပြောပြနေသည်။

ဤလူက အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်မှာ သေချာသလောက်ပင်။

ဝမ်မင် နှင့် လက်ဆွဲနှုတ်ဆက်စဉ် မြေပဲလေးက အတွေးနက်နေခဲ့သည်။

ဝမ်လင်း"..........."

"မင်းအဲဒီလောက်ထိ တွေးပစ်ရလား"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now