အပိုင်း(၁၇၄) အမြဲသတိရှိပါ

36 3 0
                                    

လွတ်လပ်သောတပ်ရင်းမှ ဆောင်ရွက်သည့် ကြီးမားသောအကြမ်းဖက် ဆန့်ကျင်ရေးမစ်ရှင်သည် အရိပ်အဖွဲ့ကိုအကြီးအကျယ် ရှုံးနိမ့်စေခဲ့သော်လည်း ဒေသခံကြောင်တပ်ရင်းများအတွက် အသေအပျောက် လုံးဝမရှိခဲ့ပေ။

မစ်ရှင်အတွင်း ဝမ်လင်း၏ အဆောင်လက်ဖွဲ့က အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အရိပ်အဖွဲ့၏ စစ်ကူအများအပြားမှာလည်း ထိုအဆောင်လက်ဖွဲ့ကြောင့် သေဆုံးခဲ့ရသည်။

ဇိမ်ခံကွန်ဒိုတွင် ကြောင်အာဏာရှင်ဘသုံးကောင် ဖြစ်သည့် ထန်းရှစ်၊ စုန့်စီနှင့် ယွမ်ချွီတို့က တိုက်ပွဲ၏ အကျဉ်းချုပ် အစီရင်ခံစာကို ကြည့်ရှုနေကြသည်။

အခြေအနေကို ဆောလျင်စွာ ကိုင်တွယ်မှု၊ တပ်ခွဲများ၊ တပ်မများ၊ တပ်ရင်းများ၊ အင်မော်တယ်ကြောင် နှင့် ဒေသခံ လေလွင့်ကြောင်များ၏ အရန်ပံ့ပိုးမှုနှင့် အတူ ကျန့်ထန်သည် ယခုတစ်ကြိမ် စစ်ပွဲတွင် ကြီးမားသော အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။

သို့သော် စည်းကမ်းပိုင်းဆိုင်ရာ အရမူ ကျန့်ထန်က စည်းကမ်းကို လုံးဝ ချိုးဖောက်ခဲ့သည်။

၎င်းကို အပြစ်ပေးသင့် မပေးသင့် ဆိုသည်မှာ အမှန်တကယ်ပင် ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။

ထန်းရှစ်က ကျန့်ထန်ကို ပျိုးထောင်ထားသူ ဖြစ်သောကြောင့်မျက်နှာပျက်နေသည်။

သူက မျက်မှန်ကို ချွတ်လိုက်ပြီး သူ့ဘေးမှ စုန့်စီ နှင့် ယွမ်ချွီကို လှည့်ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက် ဒီကိစ္စကို ဘယ်လိုမြင်လဲ"

စုန့်ချီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ကျန့်ထန်က အကြမ်းဖက်ဆန့်ကျင်ရေး စစ်ဆင်ရေး အတွက် ဒီတစ်ကြိမ်မှာ သောင်းနဲ့ချီတဲ့ ကြောင်တွေကို တိုက်ရိုက် ဦးဆောင်ခဲ့တယ်.. စစ်ပွဲတစ်ပွဲ ဖြစ်လာရင် စစ်အသုံးစရိတ်ကြောင့် အနာဂတ်အတွက် ငါးခြောက်တွေကိုကြိုတင်စုဆောင်းထားဖို့ မဖြစ်နိုင်ဘူး.. ဒါပေမယ့် နည်းဗျူဟာပိုင်းကို ကြည့်ရင်တော့ ရလဒ်က အရမ်းကောင်းတယ်.. ကျန့်ထန်ရဲ့ လွတ်လပ်သော တပ်ရင်းက အရိပ်အဖွဲ့ရဲ့ လျှို့ဝှက် ဌာနချုပ်ကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့တယ်.. ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတွေကို အ​မြောက်နဲ့ တရစပ် တိုက်ခိုက်ပြီး ဖိနှိပ်မှု အမြောက်အမြား ပေးနိုင်ခဲ့တယ်.. စစ်ပွဲအတွင်းအမြတ်အစွန်း များစွာလည်း ရခဲ့ပြီး ဒေသတွင်း လေလွင့်ကြောင်တွေ အားလုံးက ဒီအကြမ်းဖက် နှိမ်နင်းရေး စစ်ရေးလှုပ်ရှားမှုကို အ​ခြေပြုပြီး မထင်မှတ်ဘဲ တစ်စုတစ်စည်းတည်း ပေါင်းစည်းခဲ့ကြတယ်"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now