ဇွန်လ ၈ ရက်နေ့မှာ စာသင်နှစ်၏ သတ္တမမြောက်အပတ် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
ယနေ့တွင် ရှေးဟောင်း စာအုပ်ကြီး ဆရာဝမ်က ခါတိုင်းကဲ့သို့ အတင်းအဖျင်း ပြောလာသော်လည်း ဤတစ်ကြိမ် အကြောင်းအရာကမူ အနည်းငယ် ကွဲပြားသည်။
ယခင်က သူမျှဝေခဲ့သည့် အတင်းအဖျင်း အများစုမှာ ကျောင်းသုံး သင်ရိုးစာအုပ်ထဲက အသိပညာနှင့် ဆက်စပ်နေသည်။
ယခုတစ်ကြိမ်တွင် ရှေးဟောင်း စာအုပ်ကြီး ဆရာဝမ်ကအရိပ်အဖွဲ့၏ ဖြစ်ရပ်ဖြင့် စတင်ခဲ့၏။
သူက လက်ရှိ နိုင်ငံတကာ လုပ်ကြံသူ စာရင်းတွင် နာမည်ကြီးနေသည့် လူသတ်သမား အချို့အကြောင်းကို စတင် ပြောဆိုခဲ့သည်။
"အရိပ်အဖွဲ့ရဲ့ အဖြစ်အပျက်က မြို့ခေါင်းဆောင် အတော်များများရဲ့ အာရုံကို ဖမ်းစားခဲ့တယ်.. ဒီနေ့ သင်ခန်းစာက မင်းတို့အားလုံး ဘေးကင်းရေးအတွက် ပညာပေးသဘောပါပဲ"
"နိုင်ငံတကာ အဆင့် လူသတ်သမား စာရင်းမှာ ပါဝင်တဲ့ လူသတ်သမားတွေ အကြောင်း သိတဲ့သူ ရှိလား”
ဆရာဝမ်က သူ့ဘေးမှ စာရွက်ပေါ်တွင် မေးထောက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
စင်အောက်တွင် လုံးဝ တိတ်ဆိတ်နေသည်။
"အရင်က ငါတို့ကျောင်းမှာ သေဆုံးသွားတဲ့ အရိပ်အဖွဲ့ရဲ့လုပ်ကြံသူ သုံးဦးက နိုင်ငံတကာ အဆင့် လူသတ်သမားစာရင်းမှာ ထိပ်တန်း အယောက်နှစ်ဆယ်ထဲမှာ ပါ၀င်နေတယ်.. သူတို့ထဲက အမြင့်ဆုံးအဆင့် ရှိတဲ့သူက အဆင့် ဆယ့်သုံးပဲ"
စကားပြောရင်း ဆရာဝမ်က ပြုံးလိုက်သည်။
"ဒါပေမယ့် ဒီလူတွေက ငါးတွေပါပဲ"
"ငါးလား"
ကျောင်းသားများက စိတ်ရှုပ်ထွေးသွားသည်။
ဆရာဝမ်က ပခုံးတွန့်ပြလိုက်သည်။
"အမှိုက်ပုံးထဲက ငါး"
လူတိုင်း "............"
"ငါပြောချင်တာက နိုင်ငံတကာအဆင့် လူသတ်သမား စာရင်းမှာ ထိပ်ဆုံးဆယ်ယောက် အောက်က သူတွေအားလုံးက အမှိုက်တွေ ဆိုတာပဲ"