အပိုင်း(၂၅၉) အဖြူရောင်ညစွမ်းရည်

29 6 0
                                    

ရှေးဟောင်းစာအုပ်ကြီး၏ စကားများက ဟာသတစ်ခုဟု ထင်ရသော်လည်း သူ့မျက်လုံးများက ထူးထူးခြားခြား လေးနက်နေသည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် မည်ကဲ့သို့ ဖြေဆိုရမည်နှင့် ပတ်သက်၍ သူ၏ အတိတ်မှ ခန့်မှန်းချက်များက မှန်ကန်ခဲ့သည်။

ထို့ကြောင့် အမှတ်60 အထက်တန်းကျောင်းသည် သမိုင်း စာမေးပွဲ အတွက် အတန်းတွင်း ရမှတ်များတွင် ဤနှစ်များတစ်လျောက်လုံး ခရိုင်တွင် အစဥ်အမြဲ နံပါတ်တစ်ရခဲ့သည်။

"အဖြူရောင်ညစွမ်းရည်"သည် အင်မော်တယ်ရှဲဖီ၏ ထူးခြားချက် ဖြစ်သည်။

သို့သော် လူအများစုက ၎င်းကို တစ်ခါမျှ မကြားဖူးကြပေ။

အဘယ်ကြောင့်ဆိုသော် ဤအထူးစွမ်းရည် အများစုမှာ အသုံးပြုသူများ ကိုယ်တိုင် ဖန်တီးထားသောကြောင့်ဖြစ်သည်။

အင်မော်တယ် ရှဲဖီ၏ ကျော်ကြားသော အထွတ်အထိပ် စွမ်းရည်အကြော​င်းကို ရှင်းပြပြီးနောက် နောက်ဆက်တွဲ အနေဖြင့် ဆရာဝမ်က စိတ်ဝင်စားစရာ ကောင်းသော အရာတစ်ခုကို ပြန်လည် အမှတ်ရသွားသည်။

"လွန်ခဲ့တဲ့ တစ်လလောက်က ကွာဖီစစ်ပွဲနဲ့ ပတ်သက်ပြီး သင်ခဲ့တဲ့ သင်ခန်းစာကို မှတ်မိသေးလား"

ဤသင်ခန်းစာက လူတိုင်း၏ စိတ်ထဲတွင် အသစ်အဆန်းဖြစ်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ထိုသင်ခန်းစာတွင် ဆရာဝမ်က အင်မော်တယ်ရှဲဖီ အသတ်မခံရမီတွင် ကိုယ်ဝန် ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး ကလေးတစ်ဦး ကျန်ရစ်ခဲ့သည့် အတင်းအဖျင်းများကို မျှဝေခဲ့သောကြောင့်ပင်။

"နံနက်ပိုင်း ရုံးတင်စစ်ဆေးစဉ်မှာ ကွာဖီက အင်မော်တယ်ရှဲဖီ ဖမ်းမမိခင် ကျောက်သရဲမျက်နှာဖုံးထဲမှာ တံဆိပ်ခတ်ခံထားခဲ့ရတာကြောင့် အဲဒီနောက်ပိုင်း အခြေအနေတွေကို လုံးလုံးမသိခဲ့ဘူးလို့ ဖြေခဲ့တယ်"

ဆရာဝမ်က ခေါင်းခါယမ်းပြလိုက်သည်။

"ငါ့အမြင်အရတော့ အင်မော်တယ်ရှဲဖီသာ ရှိနေသေးရင် သူက ကွာဖီထက် အများကြီး ဆက်ဆံရ ပိုခက်မှာကို ငါကြောက်မိတယ်.. အတိတ်ကိုပြန်ကောက်ရရင် အဲဒီတုန်းက မိစ္ဆာအင်ပါယာ ကွာဖီ လူသိများခဲ့တဲ့ ဖရဲသီးခွံကို တကယ်တော့ အင်မော်တယ်ရှဲဖီ ဖန်တီးခဲ့တာပဲ.. ရှဲဖီက မူးယစ်ဆေးဝါးနှင့် လက်နက်ဆိုင်ရာ သုတေသနပြုမှုတွေမှာ ငါတို့ထက် နှစ်ပေါင်းများစွာ စောရောက်နေခဲ့တယ်.. တစ်နည်းပြောရရင် သူက အဲဒီခေတ်ကတည်းက သိပ္ပံနဲ့ နည်းပညာရဲ့ အဆီအနှစ်တွေကို ဆရာကျကျ ကျွမ်းကျင်နေခဲ့ပြီ"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Hikayelerin yaşadığı yer. Şimdi keşfedin