အပိုင်း(၃၂၃) မိသားစုတစ်ခုအတွက် အရေးကြီးဆုံးအရာသည် မိသားစုဝင်အချင်းချင်း ဂရုစိုက်

25 2 0
                                    

[ဒီလူကဘာလုပ်ဖို့ကြိုးစားနေတာလဲ]

ကောင်မလေးက ထိုလူကိုအဖေမဟုတ်ဟု ပြောဆိုနေသော်လည်း ထိုလူက နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲနေသည်။

ကျောင်းဆင်းချိန် လေးနာရီကျော်နေပြီ ဖြစ်၍ ပတ်ဝန်းကျင်တွင် လူအနည်းငယ်သာ ရှိတော့သည်။

လမ်းသွားလမ်းလာ အနည်းငယ်က ဤမြင်ကွင်းကို မြင်တွေ့နေရသော်လည်း မည်သူမှ အဖက်မလုပ်ခဲ့ကြပေ။

ထိုမြင်ကွင်းမှာ လူများစွာ အတွက်မူ နာခံမှုမရှိသော သမီးကို အိမ်ပြန်ခေါ်နေသည့် သနားစရာ ဖခင်တစ်ဦးနှင့် တူနေသည်။

၎င်းတို့က အိမ်မှ ထွက်ပြေးသော မိန်းကလေးအား ဖခင်က စိတ်ပူ၍ ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းနေသည်ဟုသာ ထင်နေကြသည်။

ထို့ကြောင့် လူတော်တော်များများက ဝင်မပါချင်ကြခြင်း ဖြစ်၏။

အဆုံးသတ်တွင် ၎င်းက တခြားသူ၏ ကိစ္စသာ ဖြစ်သည်မဟုတ်လော။

အဘယ်ကြောင့် အလုပ်ရှုပ်ခံရမည်နည်း။

သို့သော် ဖေဖေဝမ်ကမူ တစ်ချက် ကြည့်လိုက်သည်နှင့် သိုးမွှေးဦးထုပ်ဆောင်းထားသော အမျိုးသား၏ လက္ခဏာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာသော အကြောင်းတစ်ခုခု ရှိနေသည်ဟု ခံစားလိုက်ရသည်။

ဖေဖေဝမ်က ဤခံစားချက်ကို မည်သို့ ဖော်ပြရမှန်းမသိပေ။

ယင်းက ဆဌမအာရုံ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူ့တွင် ဝမ်လင်းကဲ့သို့ လူနှစ်ဦးကြားရှိ သွေးသားဆက်စပ်မှုကို တိုက်ရိုက် ခွဲခြမ်းစိတ်ဖြာနိုင်သည့် မဟာသွေးဇစ်မြစ် တာအို မရှိသော်လည်း ဆဌမအာရုံကနေ အာရုံခံစား၍ရ၏။

သူခံစားရသည်မှာ ဤသိုးမွှေးဦးထုပ်နှင့် လူက ကောင်မလေး၏ ဖခင် မဟုတ်ပေ။

မိသားစုတစ်ခုအတွက် အရေးကြီးဆုံးအရာမှာ မိသားစုဝင်အချင်းချင်း ဂရုစိုက်ရန် ဖြစ်သည်။

ထို့အပြင် မိသားစုတစ်ခုတွင် မိဘနှင့်သားသမီးက အကျင့်စရိုက် သိပ်မကွာတတ်ပေ။

ထိုမိန်းကလေးက နာမည်ကြီး တံဆိပ်များကို ခေါင်းစမှ ခြေဖျားအထိ ၀တ်ဆင် သုံးစွဲထား၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now