အပိုင်း(၃၃၄) ကမ္ဘာကြီးကအရမ်းကျဥ်းတာပဲ

25 2 0
                                    

ရိုးသားစွာပြောရလျှင် လေလွင့်ကိုယ်လူချောက ဆရာဝမ် ဖြစ်နေသည်ကို လူသတ်ဆရာ၏ ​​ဓာတ်ပုံမပါဘဲ ဝမ်လင်း ဘယ်တော့မှ ခန့်မှန်း၍ ရမည်မဟုတ်ပေ။

ရှေးဟောင်းစာအုပ်ကြီး၏ ဝိသေသလက္ခဏာက မရိုးရှင်းကြောင်း အစကတည်းက သိခဲ့သော်လည်း ဒဏ္ဍာရီလာ လေလွင့်ကိုယ်လူချောနှင့် ပတ်သက်သည့် သဲလွန်စမရှိချေ။

သို့သော် အခုအချိန်တွင်မူ အကြောင်းအရာ တော်တော်များများက အဓိပ္ပါယ်ရှိလာပြီ ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဆရာဝမ်၏ မြေဖြူခဲလက်နက်ပုန်း စွမ်းရည်ဖြစ်၏။

ထိုအချိန်က စွန်းရုံကို ကာကွယ်ရန်အတွက် ကျောင်းရုံးခန်းထဲ၌ အရိပ်အဖွဲ့မှ လူသတ်သမားတစ်ဦးကို မြေဖြူခဲဖြင့် ပစ်သတ်ခဲ့သည်။

ယင်းက အပေါ်ယံကြည့်လျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း အရေးကြီးဆုံးအချက်မှာ မြေဖြူခဲ ဖြစ်သည်။

သာမန် မြေဖြူခဲ အပိုင်းအစ တစ်ခုကို မှော်အစီအရင်ဖြင့် အမြင့်ဆုံးအထိ မွမ်းမံထားခြင်း မရှိလျှင် ရွှေအမြူတေအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဘယ်သောအခါမှ ထိုးဖောက်နိုင်မည် မဟုတ်ပေ။

ဒုတိယအနေဖြင့် စာသင်နှစ်အစတွင် ဝမ်လင်းက ရှေးဟောင်းစာအုပ်ကြီး၏ စိတ်ထဲတွင် ပိတ်လှောင်ခံထားရတဲ့ မှတ်ဉာဏ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် မှတ်ဉာဏ်ကို အတင်းအကျပ် ဖတ်လိုက်လျှင် ဦးနှောက်ထိခိုက်မည် စိုးသောကြောင့် ကြိုးပမ်းခဲ့ခြင်းမရှိပေ။

ဤအလုံပိတ်ထားသော မှတ်ဉာဏ်တွင် တာအိုဆရာ တောက်တိ၏ မွေးစားသား ဘလက်ဂါ့ဇ် နှင့် ပတ်သက်မှု တစ်ခုခုရှိနေသည်မှာ ထင်ရှားသည်။

နောက်ဆုံးအချက်မှာ မကြာသေးမီက သမိုင်းသီအိုရီ အတန်း အပြီးတွင် ကော်ဟောက်က အိမ်သာသွားရင်း ရှေးဟောင်းစာအုပ်ကြီးက မှန်ကြည့်နေသည်ကို တွေ့ရှိခဲ့သော ဖြစ်ရပ်ပင်။

ယင်းက မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း သူ့အတိတ်က အသွင်အပြင်ကို ပြန်သတိရနေမှန်း ထင်ရှားနေသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now