ညစာစားပြီးသည်နှင့် ညီအကိုနှစ်ယောက်က အပေါ်ထပ်သို့ တက်သွားခဲ့သည်။
အပေါ်ထပ်အခန်းထဲသို့ ရောက်လျှင် ဝမ်မင်က ဝမ်လင်း၏ ကုတင်ပေါ်သို့ နောက်ပြန် လှဲချလိုက်၏။
ဝမ်လင်းက ခါးထောက်၍ ဝမ်မင်ကို ကြည့်လိုက်သည်။
သူကအနည်းငယ် ကူကယ်ရာမဲ့သလို ခံစားနေရ၏။
သခင် အိပ်ရာ နှင့် သခင်ခေါင်းအုံးတို့က ဗုံးပစ်စီနီယာ အင်မော်တယ်ထက် ဝမ်မင်နှင့် ပိုရင်းနှီးသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်မင်က ဝမ်လင်း နှင့် ကလေးအရွယ်ထဲက ဤအိပ်ရာပေါ်တွင် ကစားလိုက် အိပ်လိုက် လုပ်ခဲ့သောကြောင့် ၎င်းတို့က ဝမ်မင်ကို ဒုတိယသခင် အဖြစ် အလိုလို အသိအမှတ်ပြုခဲ့သည်။
တစ်ခါတရံ ဝမ်လင်း အကြောက်ဆုံးလူများထဲတွင် အရှက်မရှိဆုံးလူများလည်း ပါဝင်၏။
ဝမ်မင်က စံနမူနာတစ်ခုပင်။
သူက တစ်ခါတရံ အရူးထတတ်ရုံသာမက အရှက်မရှိသူလည်း ဖြစ်သည်။
ဝမ်မင်က ကုတင်ပေါ်ကနေ ဝမ်လင်းကို ရယ်ကျဲကျဲ ကြည့်လိုက်သည်။
"မင်းမျက်နှာက ဘာဖြစ်နေတာလဲ"
ဝမ်လင်း "....???...."
ဝမ်မင် "မင်း ဒေါသထွက်ပြီး ကူကယ်ရာမဲ့နေတဲ့ ပုံစံကို ငါသဘောကျတယ်"
"............."
ဝမ်လင်း၏ မျက်နှာက လျင်မြန်စွာ တင်းမာလာသည်။
သူ့အမူအရာကြောင့် ဝမ်မင်က စက္ကန့်ပိုင်းအတွင်း ကြက်သီးမွေးညင်း ထသွားကာ ချက်ချင်းပင် လည်ချောင်း ရှင်းလိုက်သည်။
"ကောင်းပြီ... ငါမင်းကို မစတော့ဘူး.. လေးလေးနက်နက် ပြောရအောင်..."
ဝမ်လင်းက ပေါက်ကွဲရန် နီးကပ်နေပြီကို ဝမ်မင်က သိလိုက်သည်။
ဝမ်လင်းကိုသာ ဆက်လက် နောက်ပြောင်နေမည် ဆိုလျှင် သူက ဟွာရှို့နိုင်ငံ၏ သိပ္ပံအကယ်ဒမီတွင် စံချိန်နှစ်ခု တင်ထားနိုင်မည် ဖြစ်သည်။
ပထမစံချိန်မှာ ဟွာရှို့နိုင်ငံ၏ သမိုင်းတွင် အသက်အငယ်ဆုံး သိပ္ပံပညာရှင် ဖြစ်သည်။
![](https://img.wattpad.com/cover/355266511-288-k871373.jpg)