အပိုင်း(၁၈၁) ဓားပြမိစ္ဆာ၊ လေအေးနှင့် လူသတ်ဆရာ

38 4 0
                                    

အရိပ် ဌာနချုပ်ကို ဖြိုဖျက်ပြီးသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။

ကျန်းလျှိုယွဲ့က သူမ၏ လျှို့ဝှက်မြေအောက်ခန်းတွင် ပြန်လည်ကုသရန် အချိန်အတော်ယူခဲ့ရသည်။

သူမက ခန့်မှန်းချက်အချို့ကိုပါ ပြုလုပ်ခဲ့သည်။

ဤတစ်ခေါက် ကပ်ဘေးကြောင့် သူမက သူမ၏ နှစ်ပေါင်း ခြောက်ရာမျှ ကျင့်ကြံမှုကို ဆုံးရှုံးသွားခဲ့ရ၏။

သူမ၏ ရွှံ့စေး ကိုယ်ပွားကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်လျှင်ပင် ကိုယ်ပွားထဲမှ စွမ်းအားကို ပြန်သိမ်းနိုင်သရွေ့ သူမက သူမ၏ ကျင့်ကြံခြင်း နယ်ပယ်ကို ထိန်းသိမ်းထားနိုင်မည် ​ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုပါရှန်းကြောင်ကြီးက သူမကို ထိုသို့ပြုလုပ်ရန် အခွင့်အရေး အနည်းငယ်ပင် မပေးခဲ့ဘဲ ချက်ချင်း ဖောက်ခွဲပစ်ခဲ့သည်။

ကြောင်များ၏ လက်ချက်ဖြင့် သူမ၏ ဌာနချုပ်မှာ ပြိုကျပျက်စီးသွားရပြီး သူမ၏ ညီမမှာလည်း ထပ်မံ ဖမ်းဆီးခံခဲ့ရ၏။

ထို့အပြင် သူမ၏ လက်ထောက် မော့လီ ကိုပါ ဖမ်းမိသွားခဲ့သည်။

ယခင်က လုပ်ကြံရေး နယ်ပယ်တွင် ကမ္ဘာကို တုန်လှုပ်ချောက်ခြား စေခဲ့သော အရိပ်အဖွဲ့၏ ဌာနချုပ်မှာ ယခုအခါတွင် မရှိတော့ပေ။

ထို့​ကြောင့် ကျန်းလျှိုယွဲ့က အနည်းငယ် စိတ်ဓာတ်ကျချင်သလိုပင် ဖြစ်သွားသည်။

အရိပ်အဖွဲ့၏ အင်အား ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် နိုင်ငံတကာ အဆင့် ထိပ်တန်း လုပ်ကြံသူ စာရင်းတွင် ပါဝင်သော လူသတ်သမားများက သူမအား ခြေရာခံရန် တတ်နိုင်သလောက် လုပ်ဆောင်နေကြသည်ကို သူမ ကောင်းကောင်း သိနေခဲ့သည်။

၎င်းတို့မှာ မိုးသည်းညရဲ့ ကျောက်ကပ်မုဆိုး(အဆင့်၁၀)၊ အေးခဲလက်(အဆင့်၉)၊ အသားပေါင်း ကျူးကျော်သူ(အဆင့်၈)၊ တစ်လက်မ မီးခိုးရောင်(အဆင့်ရ)တို့ ဖြစ်ကြသည်။

ထိုသူအားလုံးက သူမကို သတ်ပစ်ရန် ခွန်အား ရှိကြပြီး သူမ၏ အဆင့်ကို အစားထိုး လက်လွှဲယူနိုင်သည့် အစွမ်းသတ္တိမျိုး ရှိကြ၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Donde viven las historias. Descúbrelo ahora