အပိုင်း(၂၉၂) ချစ်စရာလေး.. သူတို့က တကယ်ပဲ​ ယောကျာ်းလေးတွေလား

22 3 0
                                    

ထွင်ထျန်းဟာသာ ဤနေရာတွင်ရှိနေလျှင် ဤမြင်ကွင်းကို အလွန် ရင်းနှီးနေမည်မှာ သေချာသည်။

ခြားနားချက်မှာ ထိုစဥ်က သူ့သဘောနှင့်သူ မြေပေါ်သို့ လှဲချခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခေါက်တွင်မူ ဝမ်လင်း၏ စစ်မှန်သည့် ဝိညာဥ်ရေး ဖိအားကြောင့် ဖြစ်၏။

"ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ"

အဝေးကနေ ကြည့်နေသည့် ဓမ္မရာဂျာ နှင့် ဖက်တီးလောတို့က နှလုံးသားထဲကနေ နက်နဲသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

အမျိုးသမီး လက်အောက်ရှိ ရာချီသော စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့်  အမျိုးသမီးငယ်များ၏ လှုပ်ရှားမှုများက အစီအရင် မခင်းကျင်းမီမှာပင် အေးခဲသွားခဲ့သည်။

ယင်းမှာ နေကြာပန်း အပ်စိုက်ပညာဖြင့် ချုပ်နှောင်ခံထားရသကဲ့သို့ပင်။

နှစ်စက္ကန့်မျှအကြာတွင် အမျိုးသမီးလေးများက ဒိုမီနိုတွေလို တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်။

သူမတို့၏ ကိုယ်ဟန်အနေအထားက တောင့်တင်းနေပြီးမျက်ဝန်းများ တွင်လည်း နားမလည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ဒါက ဘာလဲ"

စင်မြင့်ပေါ်ရှိ အမျိုးသမီးကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

ကြီးမားသော ဖိအားအောက်တွင် ပြိုလဲကျသွားသော တပည့်များ ကြား၌ မရွှေ့မပြောင်းနိုင်သော တောင်ကဲ့သို့ ခိုင်မာစွာရပ်နေသည့် ပုံရိပ်နှစ်ခုကို သူမ တွေ့လိုက်ရသည်။

အမျိုးသမီးက ဝမ်လင်း၏ ဝိညာဥ်ရေးဖိအားကို တုံ့ပြန်မှုတွင်နောက်ကျနေခဲ့ပြီး သူမ ဘေးနားမှ ငတုံးမ ယာရွှယ်ကိုသာ ကာကွယ်နိုင်ခဲ့၏။

ယာရွှယ်က ချောက်ခြားသော အမူအရာဖြင့် သူမ၏ ခေါင်းကို ပွတ်သပ်နေသည်။

"ယာရွှယ် ဘာတွေဖြစ်နေတာလဲ"

အမျိုးသမီးကြီးက မေးလိုက်သည်။

"ဒါ.. ဒါက သစ္စာဖောက်တာပဲ.. ဗြောင်ကျကျ သစ္စာဖောက်တာပဲ.. ဆရာ ပြောတာမှန်တယ်.. လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို အပေါ်ယံကြည့်လို့မရဘူး.. ဒီတပည့်မက အလှလေးနဲ့ လျှော့စျေးလေးရဲ့ ပလတ်စတစ်ဆာဂျရီ ရုပ်သွင်ကို တကယ် သဘောကျခဲ့မိတယ်.. ဒါပေမဲ့ ချောမောလှပတဲ့ ဒီနှစ်ယောက်ရဲ့ နှလုံးသားက ရက်စက်ကြမ်းကြုတ်နေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး.. သစ္စာဖောက်မ နှစ်ကောင်က ငါတို့လူတွေကို လုပ်ကြံဖို့ အပြင်လူတွေကို အကူအညီပေးခဲ့တယ်.."

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now