ဟွာရှို့နိုင်ငံထဲရှိ သန်း ရာနှင့်ချီသော လူများသည် မိစ္ဆာအင်ပါယာ ကွာဖီ၏ တရားရင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် တိုက်ရိုက် ထုတ်လွှင့်မှုကို အာရုံစူးစိုက်နေကြသည်။
၎င်းတို့ထဲက တစ်ယောက်မှာ ဖက်တီးလော ဖြစ်သည်။
သူ၏ သတ္တုပစ္စည်းဆိုင်မှာ ရှေးခေတ်ကတည်းက စ၍ မျိုးရိုးအစဥ်အဆက် ဆက်ခံလာခြင်း ဖြစ်ပြီး ဗီရိုများကိုပင် ရှေးသစ်သားများဖြင့် ပြုလုပ်ထား၏။
သူက သတင်းဖတ်သည့် အလေ့အထ မရှိသလို တီဗီကြည့်ရသည်ကိုလည်း သိပ်မနှစ်သက်ပေ။
သူ့ဆီ မှော်လက်နက် ဝန်ဆောင်မှု ယူရန် ရောက်လာသည့် ဖောက်သည်များ အပြင် ညီအကို မောင်နှမတွေ ဆီကနေ သူက သတင်းအားလုံးကို ရရှိခဲ့သည်။
ထိုနေ့ နံနက်တွင် ဖက်တီးလောမှာ မထင်မှတ်ဘဲ ကွာဖီ၏ တရားရင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် တိုက်ရိုက် ထုတ်လွှင့်မှုကို စိတ်ဝင်စားနေခဲ့သည်။
သူ့ဆိုင်တွင် တီဗီမရှိပေ။
ထို့ကြောင့် တီဗီ နှင့် လုပ်ဆောင်ချက် တူသည့် မှော်ရတနာ တစ်ခုကိုသာ အသုံးပြုနိုင်ခဲ့သည်။
ထိုနေ့ နံနက်ပိုင်းတွင် ဆိုင်ထဲကို တစ်စုံတစ်ယောက် ရောက်လာသည်။
'ဖက်တီးလော'က အဖြူရောင် အောက်ခံအင်္ကျီကို ဝတ်ဆင်ကာ ပေါ့စတိုင် ဆံပင်ကေကို ဖြီးသင်နေရင်း မှန်ကို စူးစိုက်ကြည့်နေသည်။
'ဖက်တီးလော'က သူ့ကိုယ်သူ ချီးကျူးခြင်း မဟုတ်ပေ။
သူက နိုင်ငံ့အရေးကို အလေးထားသောသူ ဖြစ်သည်။
"မင်္ဂလာ နံနက်ခင်းလေးပါ"
ထိုခဏတွင် အဖြူရောင် ၀တ်စုံနှင့် အမျိုးသား တစ်ဦးက ရုတ်တရက် ဆိုင်တံခါးကို ဖြတ်ကျော် ဝင်ရောက်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။
'ဖက်တီးလော'က သတင်းကြည့်ရင်း မော့ကြည့်လိုက်ရာ ဗုံးပစ်စီနီယာ အင်မော်တယ်ကို တွေ့လိုက်ရသည်။
"ဘာလို့ ဒီလောက် အစောကြီးလာတာလဲ"
"နေ့လည်ခင်းမှာ လုပ်စရာတွေ ရှိသေးတာမို့ ဓားကို ကြိုပြီး လာယူတာလေ.. ကြယ်ခုနစ်ပွင့်ဓားကို မင်းကို လေ့လာဖို့ ငါးရက်လောက် ဌားပေးရင် မင်းငါ့ဓားကို ဆားဗစ်အပြည့် ပေးမယ်လို့ ကတိပေးခဲ့တာကို မေ့သွားတယ်လို့တော့ မပြောနဲ့နော်"