အပိုင်း(၂၄၇) လေ့လာမှုအားဖြင့်သာ အင်အားကြီးသောလူ ဖြစ်လာနိုင်သည်

32 2 0
                                    

လူတွေက အကြောင်းအရာများကို မေ့လျော့လေ့ ရှိကြသည်။

မှတ်ဉာဏ်ကို ဖယ်ရှားရန် နည်းလမ်းရှိလျှင်ပင် မလိုအပ်သည့် မှတ်ဉာဏ်ကို အချိန်ဘောင်အတွင်း တိတိကျကျ ဖျက်ပစ်ရန်မှာ မလွယ်ပေ။

ဖြစ်ရပ်တစ်ခု၏ တိကျသော မှတ်ဉာဏ်တစ်ခုကို ထုတ်ယူပြီး ၎င်းကို ပျောက်ကွယ်သွားအောင် ကြိုးစားခြင်းမှာ အမှန်တကယ်ပင် ခက်ခဲလှသည်။

"ငါထင်ထားသလို တကယ်ပဲ နည်းလမ်းမရှိဘူးလား"

သူဌေးထန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"တကယ်လို့ တခြားနည်းလမ်း မရှိရင် ငါ့ဘာသာပဲ သူ့ကို ထိန်းချုပ် ထားတော့မယ်"

ထိုစကားကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်ခုံးပင့်လာသည်။

"ဥပမာအားဖြင့်.. သူက ကျင့်စဥ်ကို ကျင့်ချင်လာတဲ့အခါ သူ့ကို အတင်းချုပ်နှောင်ပြီး ကျင့်လို့မရအောင် တားမြစ်လိုက်မယ်"

".............."

"ဒါပေမယ့် ပြဿနာတစ်ခု ရှိနေတယ်.. အဲဒီလို ချုပ်နှောင်ခံရရင် ကျင့်စဥ်ရဲ့ဆိုးကျိုးကြောင့် ငါ့ညီလေးက ဒေါသတွေ ထွက်လာမယ်.. အဲဒီအခါကျရင် ငါ သူ့ကို ထိန်းချုပ်ဖို့ အရမ်းခက်သွားလိမ့်မယ်"

ထိုစကားကို ပြောရင်း သူဌေးထန်၏ မျက်လုံးများက တောက်ပလာသည်။

"ငါတို့မှာ ရွှေမိုးကြိုးသာ ရှိခဲ့ရင်.."

အင်မော်တယ်ကျန်းရွမ်ရဲ့ ရတနာသုံးပါးထဲက ရွှေမိုးကြိုး..

မော့အင်မော်တယ် ရဲတိုက်၏ လက်အောက်ငယ်သားဖြစ်သူ အားယို ထံမှ ၎င်းတို့ရရှိခဲ့သော ကြယ်ခုနစ်ပွင့်ဓားမှာ သူနှင့်အတူ ရှိနေဆဲ ဖြစ်သည်ကို  ဗုံးပစ်စီနီယာ ရုတ်တရက် သတိရသွားသည်။

ယင်းနောက်တွင် ကျန်ရှိသည့် မှော်ရတနာ နှစ်ခုကို စုံစမ်းပေးရန် ဘလက်လေးကို တောင်းဆိုခဲ့သည်။

၎င်းတို့အနက်မှ တစ်ခုဖြစ်သော ခရမ်းရောင် ရွှေဘူးသီးခြောက်မှာ ကွာဖီ၏ လက်ထဲတွင် ရှိနေသည်ကို သူသိထားပြီ ဖြစ်သော်လည်း ရွှေမိုးကြိုး မည်သည့်နေရာတွင် ရှိသည်ကိုမူ သတင်း မရသေးပေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now