အပိုင်း(၃၁၆) တောက်တိ နှင့် ချုံးချီဂိုဏ်း

24 3 0
                                    

အမှောင်ကျင့်ကြံရေး အင်အားစုများက အကယ်ဒမီ ကျောင်းများကို တည်ထောင်ရန် အရည်အချင်းများ ရှိသည့် အလင်းအင်အားစုများနှင့်  ကွဲပြားခဲ့သည်။

အလင်းအင်အားစုများတွင် အစိုးရပိုင် ကြီးမားသော ပုဂ္ဂလိက  အကယ်ဒမီကျောင်းများ နှင့် လေလွင့်ကျင့်ကြံသူများ အတွက် ရည်ရွယ်၍ ဖွင့်ထားသည့် အထူး သီးသန့် ဂိုဏ်းကြီး အချို့လည်း ပါဝင်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အမှောင်အင်အားစုများသည် လေလွင့်ကျင့်ကြံသူများကို တရားမ၀င် စုဆောင်းပြီး အကျိုးအမြတ် အတွက်သာ ကျောင်းဖွင့်သည့် အဖွဲ့အစည်းများ ဖြစ်သည်။

၎င်းတို့က အစားအသောက် ခွင့်ပြုချက် လက်မှတ် မရှိဘဲ ကျန်းမာရေးနှင့် မညီညွတ်သော မုန့်များကို ပြုလုပ်ရောင်းချနေသည့် ဆိုင်ငယ်များနှင့် တူ၏။

ဆရာဝမ်က စင်ပေါ်ကနေ သမိုင်းကြောင်းများကို အကျဉ်းချုံးပြောပြခဲ့သည်။

"လူတိုင်းရဲ့မျက်လုံးထဲမှာတော့ အမှောင်အင်အားစုတွေအားလုံးက ဆိုးသွမ်းတဲ့ အဖွဲ့အစည်းချည်းပါပဲ.. ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အဲဒီလို သတ်မှတ်လို့ မရပြန်ဘူး.. အမှောင်အင်အားစုတွေ ထဲမှာလည်း အကောင်းနဲ့ အဆိုး နှစ်မျိုး ရှိပါသေးတယ်"

"အမည်ပျက် စာရင်းသွင်းခံထားရတဲ့ ရာစုနှစ်သက်တမ်းရှိ ဂိုဏ်းအချို့လည်းရှိတယ်.. ဂိုဏ်းတည်ထောင်တဲ့သူက တံခါးပိတ်ကျင့်ကြံနေတော့ ဖောင်အချိန်မီ မတင်နိုင်ခဲ့လို့လေ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ အမှောင်ကျင့်ကြံရေး အင်အားစု အများအပြားက တရားဝင် လမ်းကြောင်းတွေကနေ ခွင့်ပြုချက်လိုင်စင်ကို ရရှိခဲ့ကြတယ်"

"လူတိုင်း နားလည်လွယ်အောင် ပြောရရင်တော့ ဒါက ခွင့်ပြုချက်လိုင်စင် ရမရပေါ် မူတည်သွားတာပါပဲ..အမှန်တော့ ဝိညာဉ်စွမ်းအင် သတင်း အချက်အလက်ခေတ်မှာ ရာနဲ့ချီတဲ့ဂိုဏ်းတွေက ဂိုဏ်းအချင်းချင်း လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ မရတော့သလို အင်မော်တယ် အချင်းချင်းလည်း အသေအကြေ တိုက်ခိုက်လို့ မရတော့ဘူး"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now