အပိုင်း(၃၀၂) ကောင်းကင်သတ္တုဓား၏ အရည်အသွေးအကောင်းဆုံးစိန်

22 2 0
                                    

"ဒါက ကောင်းကင်သတ္တုဓား.. ဒါက ငါ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာပဲ"

အစိမ်းရောင်ဓားကို ဆုပ်ကိုင်ထားသည့် ချန်ယွီ၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

သူနှင့် ဖန့်ရှင်းက လေထဲတွင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ဤဓား၏ ဓားချီက သူမကို ထိတ်လန့်စေခဲ့၏။

ဓားက အလွန်ထူးခြားသည်ဟု သူမ ခံစားရသည်။

၎င်းက စကားဖြင့်ပင် ဖော်ပြ၍မရသည့် ထူးဆန်းသော ခံစားချက်ပင်။

မကြာမီမှာပင် ဖန့်ရှင်းက ထိုထူးဆန်းမှုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဤဓားက ဓားဝိညာဉ် လုံးဝမပါသည့် အနှစ်သာရ မရှိသော ဓားတစ်လက် ဖြစ်နေသည်။

၎င်းက ဓားဝိညာဥ် မပါသော ဓားတစ်လက် ဖြစ်သော်လည်း အဆုံးစွန်သော လက်မှုပညာဖြင့် ဖန်တီးထားသော ဓားတစ်လက်ဖြစ်၏။

ဖန့်ရှင်းက ဓားဝိညာဥ် မပါသော ဝိညာဥ်ဓားကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

"ဒါက ငါဖန်တီးထားတဲ့ ပြီးပြည့်စုံတဲ့ ဓားကိုယ်ထည်ပဲ.. ဒါပေမယ့် ဝိညာဥ်တော့ ကင်းမဲ့နေတယ်"

စကားပြောရင်း ချန်ယွီက ဓားရှည်ကို သူ့ လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ ပွတ်ဆွဲလိုက်သည်။

ထိုအခါ ဓားရှည်ထံမှ အလွန်သိပ်သည်းသော အော်ရာ အတက်အကျများက သမုဒ္ဒရာ ဒီရေ ကဲ့သို့ ပြင်းထန်စွာ မြင့်တက်လာ၏။

ချန်ယွီက နိုးထလာသော ဓားချီအော်ရာများကို ထုတ်လွှတ်လိုက်သည်။

ဖန့်ရှင်းက လုံးဝကို ထိတ်လန့်သွားသည်။

သူက အဖြူရောင်ညစွမ်းရည် နှင့် အင်မော်တယ်အသွင်ပြောင်း စွမ်းရည်တို့ဖြင့် ခွန်အားကို မြှင့်တင်ထားသဖြင့် ပကတိအင်မော်တယ် အဆင့်သို့ ရောက်ရှိနေခဲ့၏။

ထို့ကြောင့် ဤဓားမှ ထွက်ပေါ်လာသည့် အမည်ခံ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။

တကယ်တမ်းတွင် ဤဓားက အမည်ခံ စွမ်းအားများ ကိန်းအောင်းနေသည့် ဓားတစ်လက်ဖြစ်၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now