အပိုင်း(၁၈၅) ချက်တင်ခန်းတွင် ပုန်းနေသူသည် သြဇာကြီးမာသူဖြစ်သည်

36 5 0
                                    

ဇွန်လ ၁၀ ရက်.. စာသင်နှစ်၏ သတ္တမမြောက် အပတ် သောကြာနေ့ ဖြစ်သည်။

ဖိုးဖိုးဝမ်က သူ၏ သင်္ကေတဟု ပြော၍ ရသည့် တရုတ် ဖက်ထုပ်ပြုတ် လုပ်ရန် နံနက်စောစော ထခဲ့သည်။

ကြယ်ပွင့် စားဖိုမှူးတစ်ဦး ဖြစ်စဥ်က ထိုဖက်ထုပ်ပြုတ်မှာ သူ၏ အထူးဟင်းလျာ ဖြစ်သည်။

သူ၏ ဖက်ထုပ်ပြုတ်များမှာ အစားအသောက် လောကကို လွှမ်းမိုးနိုင်ခဲ့သဖြင့် သူက ဖက်ထုပ်ဘုရင်ဘွဲ့ကိုပင် ပေးအပ်ခြင်း ခံခဲ့ရသည်။

အလွန်ကောင်းမွန်သော ဖက်ထုပ်ပြုတ်များတွင် အများအားဖြင့် အထူးအရည်အသွေး သုံးခုပါရှိသည်။

ယင်းမှာ ပါးလွှာသော ဖက်ထုပ်ရွက်၊ အရသာ ကောင်းသော အသား နှင့် အာဟာရပြည့်သော ဟင်းရည်တို့ဖြစ်၏။

ဖိုးဖိုးဝမ်၏ ဖက်ထုပ်ပြုတ်များတွင်  အလွန်ထူးခြားသော အရည်အသွေး ရှိသည်။

ထိုဖက်ထုပ်ပြုတ်ကို စားမိသည့်သူများမှာ ၎င်းတို့၏ မိခင်ကိုယ်တိုင် ချက်ပြုတ်ပေးသည့် အရသာကို အလွယ်တကူ သတိရစေသည်။

တစ်ဇွန်းစားမိရုံဖြင့် လူကို မျက်ရည်ယိုဗုံးနှင့် ထိမိသလိုမျိုး အထိန်းအကွပ်မဲ့ မျက်ရည်ကျစေနိုင်သည်။

ထို့ကြောင့် ယနေ့နံနက်တွင် ဖေဖေဝမ်က ဖိုးဖိုးဝမ်၏ အထူးပြုလုပ်ထားသော ဖက်ထုပ်ပြုတ်ကို မစားခင် စားပွဲပေါ်၌ တစ်ရှူးနှစ်ထုပ်ကို ကောင်းစွာ ကြိုတင် ပြင်ဆင်ထားခဲ့သည်။

ဟုတ်ပါသည်.. ဖိုးဖိုးဝမ်၏ ဖက်ထုပ်ပြုတ်ကို စားပြီးလျှင် လူတိုင်းက မျက်ရည်မကျဘဲ နေနိုင်မည် မဟုတ်ပေ။

ထိုအချက်ကို ဝမ်လင်းက ငြင်းဆန်မည်မဟုတ်ချေ။

မျက်ရည်တွေက သူ့ကိုယ်သူ တည်ဆောက်ထားသည့် အေးစက်စက် ပုံရိပ်ကို တကယ်ပဲ ပျက်စီးစေလိမ့်မည်။

ထို့ကြောင့် သူက ဖက်ထုပ်ပြုတ်ကို စားနေစဉ် သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ မျက်ရည်မကျစေရန် သွေးကြောအချို့ကို ပိတ်ခဲ့ရသည်။

ဖိုးဖိုးဝမ်နှင့် ဖေဖေဝမ်တွင် ​​မနက်စာစားချိန်၌ သတင်းကြည့်တတ်သော အလေ့အကျင့် ရှိသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now