အပိုင်း(၂၆၉) "ပုံးဖွင့်ပြီး သတ်ပစ်" အခြေခံစည်းမျဥ်းများကိုလည်း လိုက်နာသင့်သည်

26 5 0
                                    

လဲ့မုန့်မုန့်၏ ပြောသည့်အတိုင်းပင် "လွတ်မြောက်ခြင်း" ဂိမ်းရှိ ဖုတ်ကောင်များကို ဖုတ်လက်ပါးစေ ကနေ ဖက်တီး မှသည် အမြင့်ဆုံးအဆင့်ဖြစ်သည့် ဗိုဒါမော့စ် အထိ အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။

ဤနေရာရှိ ဖုတ်ကောင်များက ပုံမှန် ဖုတ်ကောင်ရုပ်ရှင်များတွင် ဖော်ပြလေ့ ရှိသည့်အတိုင်းပင် ဉာဏ်ရည်မမီကြပေ။

ဗိုဒါမော့စ်များက ဂိမ်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသူ ဖြစ်ရသည့် အကြောင်းရင်းမှာ ၎င်းတို့က အလွန်လျင်မြန်သောကြောင့် မဟုတ်ပေ။

အဓိကအချက်မှာ ၎င်းတို့တွင် ဉာဏ်ရည်ဉာဏ်သွေး ရှိပြီး အခြေအနေကို ကြည့်၍ မည်၍မည်မျှ အန္တရာယ်ရှိသည်ကို တိုင်းတာနိုင်ခြင်းပင်။

ထို့ကြောင့် ချက်ချင်းပင် ဗိုဒါမော့စ်က ဝမ်လင်းကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။

ဤဗိုဒါမော့စ်၏ အတွေးများက စတင် လည်ပတ်နေပြီဖြစ်သည်။

ပုံရိပ်များက ရုပ်ရှင်ဖလင်ကဲ့သို့ သူ့စိတ်ထဲတွင် အဆက်မပြတ်တောက်ပနေ၏။

{သင်မသေခင် သင့်ရဲ့အကောင်းဆုံး အမှတ်တရတွေက သင့်မျက်စိရှေ့မှာ လင်းလက်သွားတတ်တယ်လို့ လူအများက ပြောကြတယ်}

ဗိုဒါမော့စ်က လျင်မြန်စွာ ခံစားသိရှိလာပြီး တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ အကြည့်ကို ရှောင်လွှဲလိုက်တော့သည်။

သူ၏ ချွေးများက ရေပန်းကဲ့သို့ စီးကျနေပြီ ဖြစ်သည်။

တစ်ဖက်လူက ဆယ်ကျော်သက် အရွယ်သာရှိသေး၍ သူ့ကို သေစေမည့်ပုံတော့ မပေါ်ပေ။

ဤဆယ်ကျော်သက်က အလွန်အန္တရာယ်များပြီး ဆက်လက် တိုက်နေလျှင် သေတော့မည်ဟု အလိုလို ခံစားမိလိုက်သည်။

ထိုအခိုက်အတန့်တွင် ဗိုဒါမော့စ်သည် ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။

ဝမ်လင်း လျှောက်လှမ်းလာသည့် ခြေလှမ်းတိုင်းက မမြင်ရသည့် ဖိအားတစ်ခုလိုပင်။

သူ့လည်ပင်းတစ်ဝိုက်၌ တုန်လှုပ်ချောက်ခြားစရာ စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now