အပိုင်း(၂၇၇) ညီနောင်ထုန်ရာက ယနေ့တွင်လည်း အားမာန်အပြည့်ရှိသည်

26 5 0
                                    

သာမန်ဝိညာဉ်ဓား တစ်ချောင်းက ၎င်း၏ သခင်နှင့် ဝေးကွာနေသော အခါတွင် အဆက်အသွယ်vပြတ်သွားတတ်သော်လည်း ကျင့်ခယ်ကမူ ကွဲပြားသည်။

ဝမ်လင်းက ကျင့်ခယ်၏ အော်ရာကို နေရာမရွေး အချိန်မရွေး ခံစားနိုင်ပေသည်။

ဤသည်မှာ ဓားဝိညာဥ်ကို လစဥ်တစ်ရက်ခန့် အချိန်ပေး၍ ရင်းနှီးမှု တိုးတက်စေခဲ့သည့် အကျိုးကျေးဇူးလည်း ဖြစ်၏။

ဝမ်လင်းက ကုတင်ပေါ်တွင် ထိုင်ရင်း ကျင့်ခယ်၏ အော်ရာကို ဂရုတစိုက် အာရုံခံလိုက်သည်။

သူ့ခေါင်းထဲတွင် ရေဒါတစ်လုံး ရှိနေသကဲ့သို့ ကျင့်ခယ် ဘယ်မှာ ရှိနေလည်းဆိုသည်ကို စကင်ဖတ်လိုက်ခြင်းပင်။

တစ်နာရီမပြည့်ခင်မှာပင် ဝမ်လင်းမျက်လုံး ဖွင့်လာသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က တွေ့လိုက်သည်။

"ညီနောင်လင်း.. ဘယ်လိုလဲ.. ဘာသတင်းရလဲ"

ဝမ်လင်းက ပုံကြမ်းဆွဲစွမ်းရည်ဖြင့် မြေပုံကို ဆွဲကာ အနီရောင်အစက်ဖြင့် အမှတ်အသား ပြုထားသော နေရာသို့ ညွှန်ပြလိုက်သည်။

"ဒါက.."

ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်သွားသည်။

အင်မော်တယ်စံအိမ်၏ နောက်ဆုံး အမာခံနယ်မြေက ဆောင်းဥတု မြို့တော် ဖြစ်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။

ဆောင်းဥတုမြို့၏ တည်နေရာက အလွန်ထူးခြားသည်။

၎င်းက ဟွာရှို့နိုင်ငံ၏ မြောက်ဘက်စွန်းတွင် ရှိပြီး နယ်စပ်မှ ဘလက်လေး၏ ဓာတ်ခွဲခန်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။

၎င်းနေရာနှစ်ခုက မြေပုံ၏ အစွန်းနှစ်ဖက်တွင် တည်ရှိသည်။

ဆောင်းဥတုမြို့တော် အလွန် ထူးခြားနေရသည့် နောက်ထပ် အကြောင်းရင်းမှာ သာမန်လူ တစ်ယောက်က ထိုနေရာ၏ အအေးဒဏ်ကို မခံနိုင်သောကြောင့် မြို့တော်အတွင်း သာမန်လူ မရှိခြင်းပင်။

ကျင့်ကြံခြင်းလောကထဲမှ မှော်ရတနာများ ရောင်းဝယ် ဖောက်ကားသည့် ကုန်သည်များမှာ ဤနေရာကို မုန်းတီးကြသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now